ဦးဇော်ဝင်း (ကျား)သည် အမျိုးသားပညာဝန်ဦးဖိုးကျား ဒေါ်အေးကြည်တို့သားဖြစ်သည်။ သားသမီးဆို၍ သား ဇော်ဝင်း (ကျား) တစ်ယောက်သာ ရှိသည်။ ဇော်ဝင်း (ကျား) သည် ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်း တွင် တက်ရောက်ပညာသင်ကြားခဲ့သည်။ ၁၉၄၆ ခုနစ် အထွေထွေ သပိတ်တွင် မြို့မ-ဦးသန်းကြွယ်(ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် ဗဟိုအမှုဆောင်ကော်မတီဝင် နိုင်ငံတော် စီးပွားကုန်သွယ်ရေး အဖွဲ့အထွေထွေ အတွင်းရေးမှူးချုပ် နှင့် ဥက္ကဋ္ဌ) ၊ ၊ ဦးသန်းဆွေ (သံအမတ်ကြီး ဦးသန်းဆွေ)၊ ဦးသာထွန်း (ရှေ့နေချုပ် ဦးသာထွန်း) ဦးမျိုးမြင့် ( လူထု ပညာရေးမှူး)၊ ဦးမျိုးသန့် ( ပါလီမန်ဒီမိုကရေစီ ဝန်ကြီးချုပ် ဦးနု အစိုးရ၏ သတင်း ပြန်ကြားရေးမှူး၊ )၊ ဦးရဲမြင့် (ဗိုလ်ကြီးရဲမြင့်အောင်)၊ ဒေါက်တာ သန်းထွန်း (သမိုင်းပါမောက္ခ)၊ ဦးညွန့်လွင် (ဗိုလ်မှူးညွန့်လွင်)၊ သံမဏိ ဦးကျင်လှိုင် ၊ ဦးရန်ဝေး ၁၉၄၈ - ၄၉ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)ဥက္ကဋ္ဌ ၊ ဒေါက်တာ မောင်မောင်ကျော် ၁၉၄၉ - ၅၀ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)ဥက္ကဋ္ဌ ၊ ဦးစိန်လှ ၁၉၄၇ - ၄၈ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)ဥက္ကဋ္ဌ ၊ ဦးရွှေတင် (ရေကြောင်းသိပ္ပံကျောင်းအုပ်ကြီး Captain ရွှေတင်) စသော ကျောင်းသားခေါင်းဆောင် များနှင့်အတူ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်သည်။ ဇော်ဝင်း (ကျား)သည် မြို့မရဲခေါင်နှင့် မြို့မရဲညွန့် ကျောင်းသား တပ်ဖွဲ့များတွင် ပါဝင်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  • မြို့မကျောင်း စိန်ရတု (၁၉၂၀-၁၉၉၅) အထိမ်းအမှတ် စာစောင်နှင့် ဗဟိုပြခန်း မှတ်တမ်းဓာတ်ပုံ
  • ရန်ကုန်တက္ကသိုလ် စိန်ရတု (၁၉၂၀-၁၉၉၅) အထိမ်းအမှတ် စာစောင်နှင့် ဗဟိုပြခန်း မှတ်တမ်းဓာတ်ပုံ