ဇော်အောင်ထွတ် (စာကြည့်တိုက်ပညာ)

ဇော်အောင်ထွတ် (စာကြည့်တိုက်ပညာ) (၂၅ ဇန်နဝါရီ ၁၉၆၃ မွေးဖွား) သည် မြန်မာ အမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။ အဘဦးသန်းထွတ် အမိဒေါ်ညွန့်ညွန့်တို့မှ ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက် သောကြာနေ့ မော်လမြိုင်ကျွန်းမြို့တွင် မွေးသည်။ မွေးချင်း ၅ ယောက်အနက် တတိယမြောက်သားဖြစ်သည်။ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းတွင် ပထမတန်းမှ ဒသမတန်းအထိ ပညာဆည်းပူးခဲ့သည်။ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့်သုတပညာဌာနတွင် နည်းပြ၊ လက်ထောက်ကထိက၊ ကထိကရာထူး တာဝန်ထမ်းဆောင်ခဲ့သည်။ စာကြည့်တိုင်ဆိုင်ရာ နည်းပညာ Software များကို ကူညီပံ့ပိုးပေးလျက်ရှိသည်။ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း EC member တစ်ဦးဖြစ်သည်။


ကိုးကား ပြင်ဆင်ရန်

ဇော်အောင်ထွတ် (စာကြည့်တိုက်ပညာ)။ မြန်မာနိုင်ငံပိဋကတ်တိုက်စာကြည့်တိုက်များ။ ရန်ကုန်၊ စာပေဗိမာန်၊ ၂၀၀၁။

ဇော်အောင်ထွတ် (စာကြည့်တိုက်ပညာ)။ မြန်မာရည်ညွှန်း။ ရန်ကုန်၊ ညီညီစာပေ၊ ၂၀၀၅။