ဘောင်ငင်ကြိုး။

ရေးသူ ပြင်ဆင်ရန်

မြဝတီမင်းကြီး


ဇေယျာမြို့ ပြင်ဆင်ရန်

ဇေယျာမြို့။ ရွှေဒွါ ရွှေလှေ များလှ သောင်းသောင်း။ ။

နန်းချင်းနန်းချင်း။ လှော်ချည်လေ ပြိုင်ချည်လေ။ ရေးလှ ပြောင်းပြောင်း။ ။

တီးရွမ်း ခြိမ့်မောင်း။ ဧပင်သာ ဧရင့်ငြောင်း။ ပျော်ကြောင်းဆင်ကာ။ ယာဉ်တဲ့ ယာဉ်သီတာ။ ။

မိုးမြေချာလေ ပတ်ကုံးပတ်ကုံး။ စိုးပင်သာ စိုးသိမ်းကြုံး။ ။

ပေါင်းရုံးဆယ်ဖြာ။ ဦးတဲ့ဦးတင်ကာ။ ။

ဘောင်ငင်ရာ။ ထုံဂန္ဓာ။ မာလာသင်းပျံ့လေ။ ။

ရွှေကေသီ။ လေချီချီ။ သိင်္ဂီဝင်းမှည့်။ ဆင်းသူဇာလေလေတည့်။ ဆင်းသူဇာ။


အချို့ (ရွှေရေသီ) ဟုလည်း သီဆိုကြသည်။

  • ကေသီမှာ ဆံပင် ဟူသောအနက်။
  • ရေသီမှာ ရွက်တို့၏ရေသီကြိုး ဟူသောအနက်ရှိသည်။

ကျေးဇူးတင်ပါသည် ပြင်ဆင်ရန်

ပြုစုထိန်းသိမ်းပေးထားသော ဂီတဝိသောဓနီ face book group အား ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/groups/GitaWinThawDaNi/