ဇွန်သံစဉ် ( ၂၆ ဇွန် ၁၉၉၅ ခုနှစ်ဖွား)သည် မြန်မာမော်ဒယ်၊ ဂီတပညာရှင်နှင့်သရဖူရရှိခဲ့သူ အလှမယ်တစ်ဦးဖြစ်သည်။ မယ်စကြဝဠာ မြန်မာ ၂၀၁၇ ပြိုင်ပွဲတွင် သရဖူရရှိခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် မယ်စကြဝဠာ ၂၀၁၇ အလှမယ်ပြိုင်ပွဲ အား ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

အစောပိုင်းဘဝ ပြင်ဆင်ရန်

ဇွန်သံစဉ်သည် ရန်ကုန်တွင် ရခိုင်တိုင်းရင်းသား မိသားစုမှ မွေးဖွားကြီးပြင်းခဲ့သည်။ သူမ၏အဖေသည် ရန်ကုန် နားနှာခေါင်းနှင့်လည်ချောင်းဆေးရုံမှ ဆရာ ဝန်တစ်ဦး ဖြစ်ပြီး သူမ၏အမေမှာအိမ်ရှင်မဖြစ်သည်။

ပညာရေး ပြင်ဆင်ရန်

ဇွန်သံစဉ်သည် မြန်မာစာပေနှင့် ရုပ်ရှင်အနုပညာဘွဲ့ နှစ်ခုလုံးအား အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ရရှိခဲ့သည်။

အလှမယ်ပြိုင်ပွဲ ပြင်ဆင်ရန်

မယ်စကြဝဠာမြန်မာ ပြင်ဆင်ရန်

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် ကျင်းပသော မယ်စကြဝဠာ မြန်မာ ၂၀၁၇ ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခင်အလှမယ် ထက်ထက်ထွန်းမှ သရဖူဆုအား ချီးမြှင့်ပေးခဲ့သည်။ ။ သူမသည် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အဖြစ် မယ်စကြဝဠာ ၂၀၁၇ ပြိုင်ပွဲ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[၁]

မယ်စကြဝဠာ ၂၀၁၇ ပြင်ဆင်ရန်

သူမသည် မယ်စကြဝဠာ ၂၀၁၇ ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ဆုရရှိခြင်း မရှိခဲ့ပေ။

ကိုးကား ပြင်ဆင်ရန်

ပြင်ပလင့်များ ပြင်ဆင်ရန်

အောင်မြင်မှု
ယခင်က
ထက်ထက်ထွန်း
မယ်စကြဝဠာမြန်မာ
၂၀၁၇
ဆက်ခံသူ
နှင်းသွေးယုအောင်