ဇွဲပြည့် (၃၀ နိုဝင်ဘာ ၁၉၈၈ မွေးဖွား) သည် မြန်မာလူမျိုး အဆိုတော်၊ ဂီတသမားနှင့် သရုပ်ဆောင် ဖြစ်သည်။

ဇွဲပြည့်
အမည်ရင်းဇာနည်မောင်မောင်
မွေးဖွား (1988-11-30) ၃၀ နိုဝင်ဘာ၊ ၁၉၈၈ (အသက် ၃၅)
မန္တလေးမြို့
ဂီတဟန်Pop
အလုပ်အကိုင်
တူရိယာVocals
တက်ကြွသည့်နှစ်များ၂၀၁၁–လက်ရှိ

ငယ်ဘဝနှင့် ပညာရေး ပြင်ဆင်ရန်

၁၉၈၈ ခု၊ နိုဝင်ဘာလ ၃၀ ရက်တွင် မန္တလေး၌ မွေးသည်။ အမည်ရင်းမှာ ဇာနည်မောင်မောင် ဖြစ်သည်။ မောင်နှမ ၅ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။[၁] အခြေခံပညာကို အထက(၁၁) ၌ တက်ပြီး ရတနာပုံတက္ကသိုလ်မှ ဥပဒေပညာ သင်ယူနေသည်။[၁]

အနုပညာ လှုပ်ရှားမှု ပြင်ဆင်ရန်

၂၀၁၁ ခုတွင် သီချင်း စဆိုသည်။[၁] ပထမဆုံးတေးစီးရီး အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ ကို ၂၀၁၄ ခု၊ နိုဝင်ဘာလ ၃၀ ရက်တွင် စဖြန့်သည်။ ထိုခွေနှင့်ပင် ဂီတလောက၌ နေရာတစ်ခု ရလာသည်။ ဒုတိယစီးရီး ခိုလှုံရာ ကို ၂၀၁၇ ခု၊ ဖေဖော်ဝါရီလတွင် ဖြန့်သည်။[၂]

သရဲဆိုတာ ခိုနဲ့လား သည် ခေါင်းဆောင်နေရာမှ ပါဝင်ရသော ပထမဆုံးဇာတ်ကား ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့မကြီးစန်းနှင့် သူ၏ချစ်သူများ ဇာတ်ကားတို့တွင် ပါဝင်ခဲ့သည်။

၂၀၁၈ ခုတွင် ပန်းနှစ်ပွင့် စီးချင်း ရုပ်သံဇာတ်လမ်းတွဲကို ပိုင်ဖြိုးသု၊ မေဘရဏီသော်တို့နှင့် တွဲဖက်သရုပ်ဆောင်သည်။ ၂၀၁၈ ခု၊ မတ်လမှစ၍ မြန်မာအသံနှင့် ရုပ်မြင်သံကြားတွင် စလွှင့်သည်။

ပါဝင်သော ဇာတ်ကားများ ပြင်ဆင်ရန်

ခေါင်းစဉ် ရုံတင်နှစ် ဒါရိုက်တာ မှတ်ချက်
သရဲဆိုတာ ချိုနဲ့လား ၂၀၁၆ ဒေါ်အိအိခိုင်
အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ ၂၀၁၇ ဦးမြတ်ခိုင်
မကြီးစန်းနှင့်သူ၏ချစ်သူများ ၂၀၁၇ ဦးမြတ်ခိုင်

ရုပ်သံဇာတ်လမ်းတွဲများ ပြင်ဆင်ရန်

ခေါင်းစဉ် ရုံတင်နှစ် ဒါရိုက်တာ မှတ်ချက်
ပန်းနှစ်ပွင့် စီးချင်း ၂၀၁၈

တေးစီးရီးများ ပြင်ဆင်ရန်

ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ ၂၀၁၄
ခိုလှုံရာ ၂၀၁၇
အားကိုးပါ ၂၀၁၉

ကိုးကား ပြင်ဆင်ရန်