[၁] ဉတ်၊ သိစေခြင်း၊ သိစေချက် စကား။

တစ်စုံတစ်ခုသော အမှုကိစ္စပြုလုပ်ရာဝယ် သံဃာအား သိစေခြင်း သိစေချက် စကား ရပ်သည် ဉတ်မည်၏။ [၂]

ဉာတ် ၂-မျိုး ပြင်ဆင်ရန်

ယင်းဉ တ်သည် အနိဒ္ဒိဋ္ဌဉတ်, နိဒ္ဒိဋ္ဌဉတ်ဟု ၂-မျိုးပြားသည်၊

သံဃာ သိစေချက်စကားရပ်၏ အဆုံး၌ ဧသာ ဉတ္တိ ဟုမညွှန်ပြ(မပါရှိ)သော ဉာတ်သည် အနိဒ္ဒိဋ္ဌဉတ်မည်၏၊

ကမ္မဝါစာ ရွတ်ဖတ်ရန် မလိုပဲ ဉတ်သည်ပင်လျှင် သံဃာ့ကံမည်၍ ကမ္မဉတ်လည်း မည်၏၊ ဉတ္တိကံပင်တည်း။ သံဃာအား သိစေချက် စကားရပ်၏အဆုံး၌ ဧသာ ဉတ္တိဟုညွှန်ပြ(ပါရှိ)သော ဉာတ်သည် နိဒ္ဒိဋ္ဌဉတ်မည်၏၊[၂]

ကမ္မဝါစာ၏ ရှေ့ဦးစွာ ရွတ်အပ် ပြင်ဆင်ရန်

ယင်းဉတ်သည် ကမ္မဝါစာ၏ မူလဘူတအခြေဖြစ်၍ (ရှေးဦးစွာ ရွတ်ဆိုအပ်၍) ကမ္မပါဒဉတ်မည်၏၊ ဉတ္တိဒုတိယကံ, ဉတ္တိစတုတ္ထကံတို့၌ ပါသော ဉတ်ပင်တည်း။ [၃] ဧသာ ဉတ္တိဟုထည့်၍ ရွတ်ဆိုခြင်းသည်ကား ကမ္မဝါစာရှိသေးသည် (ကမ္မဝါစာရွတ် ရဦးမည်)၏အဖြစ်ကို ပြခြင်းအကျိုးငှါတည်း။

ယင်းသော ဉတ္တိဟူသောစကားရပ်ကို ဉတ္တိ ဒုတိယကံ, ဉတ္တိစတုတ္ထကံတို့၌ ဧကန်ရွတ်ဆိုရမည်။

ဉတ္တိကံ၌ကား ၎င်းစကားရပ်ကို ရွတ်ဆိုရန်မလို (ဥပေါသထံ ကရေယျ)စသည်၌ ယျအက္ခရာ ရွတ်ဆိုပြီးလျှင် ပြီးခြင်း ဉတ္တိကံ ပြီးဆုံးသည်သာ။ [၄] [၂]

ကိုးကား ပြင်ဆင်ရန်

  1. ဉတ္တိ (ထီ) ဉာ+ဏာပေ+တိ။ ဉာပနံ ဉတ္တိ၊ နိရုတ္တိ၊၄၈၆။]
  2. ၂.၀ ၂.၁ ၂.၂ တိပိဋကအဘိဓာန် အတွဲ-၈
  3. ဝိ၊ဋ္ဌ၊၄၊၂၁၇။ ဝိမတိ၊၂၊၃၀၇။
  4. ဝိမတိ၊၂၊၁၃၇။) အယံ ဣတ္ထန္နာမော ဘိက္ခု၊ သညာစိကာယ ကုဋိံ ကတ္တုကာမော အဿာမိကံ အတ္တုဒ္ဒေသံ၊ သော သံဃံ ကုဋိဝတ္ထုဩလောကနံ ယာစတိ၊ ယဒိ သံဃဿ ပတ္တကတ္ထံ၊ သံဃော ဣတ္ထန္နာမဉ္စ ဣတ္ထနာမဉ္စ ဘိက္ခူ သမ္မန္နေယျ ဣတ္ထိန္နာမဿ ဘိက္ခုနော ကုဋိဝတ္ထုံ ဩလောကေတုံ၊ သော ဉတ္တိ။ ဝိ၊၁၊၂၂၅။ ဧသာ ဉတ္တီတိ “သံသော ဉာပေတဗ္ဗော”တိ ဝုတ္တဉာပနာ ဧသာ။ ဝိမတိ၊၂၊၁၃၇။ ဉာပနာ ဉတ္တိ၊ သံဃဿ ဇာနာပနာတိ အတ္ထော။ ဝိနယာလင်္ကာရ၊၂၊၂၆၆။ (ဝိ၊၁၊၂၃၈၊ ၂၆၆-၇၊ ၃၃၄၊ ၃၄၆။ ဝိ၊၂၊၅၃-၄၊ ၇၂၊ ၁၇၁-၈၊ ၂၈၃၊ ၃၀၅၊ ၃၁၅-၆၊ ၃၈၇၊ ၄၅၀။ ဝိ၊၃၊၇၁-၂၊ ၁၃၂၊ ၁၆၆၊ ၃၅၂၊ ၄၇၅။ ဝိ၊၄၊၃၊ ၁၂-၄၊ ၂၁-၈၊ ၃၆၊ ၄၀-၄၈။ ၁၃၅၊ ၂၆၃၊ ၃၀၈၊ ၃၁၇။ ဝိ၊၅၊၅၇၊ ၁၈၄၊ ၃၈၀ ဝိ၊ဋ္ဌ၊၁၊၂၀၈၊ ၂၈၂။ ဝိ၊ဋ္ဌ၊၂၊၂၂၄။ ဝိ၊ဋ္ဌ၊၃၊၆၄။ ဝိ၊ဋ္ဌ၊၄၊၂၉၊ ၁၉၉၊ ၂၁၇-၈၊ ၂၃၄၊ ၂၄၈။ ကင်္ခါ၊ ၁၀၆။ ဝိ၊သင်္ဂဟ၊၆၇၊ ၃၆၈၊ ၃၉၁။ ဝဇိရ၊၂၂၀၊ ၃၆၂၊ ၄၄၀-၇၊ ၄၅၉၊ ၅၀၄၊ ၅၁၂။ သာရတ္ထ၊၁၊၅၀။ သာရတ္ထ၊၂၊၅၅-၆၊ ၁၃၃၊ ၃၆၂။ ၃၀၆။ ဝိမတိ၊၂၊၂၈၀။ ကင်္ခါ၊ဋီ၊ဟောင်း။ ၅၆၊၇။ ကင်္ခါ၊ဋီ၊သစ်၊ ၁၃၄၊ ၁၄၉၊ ၁၅၃၊ ၁၆၇-၂၅၂။)