ညာတင်ကုပ်သည် "ဘုရားမဟုတ် ညာတင်ကုပ်"ဟု သမုတ်ကြသည်မှာ ဘုရားဆင်းတုတော်တိုင်းသည် သင်္ကန်း ရုံပုံမှာ ဘယ်ပခုံးပေါ်သာ တင်၍ ရုံလေ့ ရှိရိုးမှန်သော်လည်း၊ ညာတင်ကုပ်သည် ဆေး၊ မန္တရား၊ အင်းအိုင်၊ လက်ဖွဲ့ စီရင်ခြင်း သဘောအားဖြင့် ညာဘက်ပခုံးပေါ် တင်ရုံထားပုံ ထုလုပ်သည် ဖြစ်သောကြောင့် ဘုရားမဟုတ်ဟု အမှတ်အသား ပြုသတည်း။

အတုအစစ်ခွဲခြားပုံ ပြင်ဆင်ရန်

ညာတင်ကုပ်ကို လှုပ်ကြည့်၍ အသံမြည်မှသာ ညာတင်ကုပ် စစ်သည်။[၁]

မပြုအပ်သောအရာများ ပြင်ဆင်ရန်

ညာတင်ကုပ်သည် ဘုရားမဟုတ်ဟု ဆိုသောကြောင့် အင်းအစီအရင် ပါ၍ ဘုရားကျောင်းဆောင်ထဲဝယ် ထည့်သွင်း ပူဇော်ရန် မအပ်ချေ။ သင်္ကန်းသည် ဘယ်ရုံလား၊ ညာရုံလားဟူသည်ကို စိစစ်ပြီး၊ မိမိတို့ ကိုးကွယ်ထား သော ဘုရားရုပ်ပွားတော်သည် ဘုရားမဟုတ် ညာတင်ကုပ် ဖြစ်နေပါက ဖယ်ရှား၍ တတ်သိနားလည်သူ ဝါ ဘုန်းတော်ကြီးကျောင်းသို့ ပို့ရမည် ဖြစ်ပြီး၊ နောင် မကိုးကွယ်မိအောင် သတိထားရမည် ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. စိုးမင်းအောင် (စက်တင်ဘာလ၊ ၁၉၉၈)။ မဟူရာပုတီးနဲ့ ညာတင်ကုပ်၁၄၆။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်း။ p. ၄၄။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)