ဦးညီညီစိုး(၁၉၆၀ ဖွား) သည် လက်ရှိ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဖြစ်သည်။[၁]သူ့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ် မတ်လမှစ၍ ခန့်အပ်ခဲ့သည်။ထိုရာထူးမတိုင်မီ ဦးညီညီစိုးသည် မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။[၂]

ညီညီစိုး
မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ မတ် ၂၀၂၁
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးခင်မောင်ကြီး
မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၃ မတ် ၂၀၂၁
ခန့်အပ်သူဦးသိန်းစိန်
သမ္မတ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၀
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ပညာရေးရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်တရားသူကြီး

ပညာရေး ပြင်ဆင်ရန်

ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ၁၉၈၂ ခုနှစ်တွင် ရရှိသည်။ ဦးညီညီစိုးသည် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ကို ၁၉၉၈ ခုနှစ်တွင် ရရှိခဲ့သည်။

ဝန်ထမ်းဘဝ ပြင်ဆင်ရန်

၁၉၈၄ ခုနှစ်တွင် တရားရေးအရာရှိ အဆင့် - ၄ အဖြစ် တရားရေးဌာနတွင် စတင်တာဝန် ထမ်းဆောင်ခဲ့သည်။ တရားရေးရာထူး အဆင့်ဆင့်ကို ၂၆ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ခရိုင်တရားသူကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ယင်းနောက် မန္တလေးခရိုင်တရားရုံး၏ခရိုင်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။[၃]

တရားလွှတ်တော်တရားသူကြီးဘဝ ပြင်ဆင်ရန်

မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခန့်အပ်သည်။ထိုတာဝန်ကို ၂၀၂၁ မတ်လ ၃ရက်နေ့အထိ ထမ်းဆောင်သည်။ ၂၀၂၁ မတ်လ ၃ရက်နေ့တွင် တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခန့်အပ်ခဲ့၍ ဒုတိယမြောက် မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဖြစ်လာသည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်တရားသူကြီးများမွန်ပြည်နယ်တရားလွှတ်တော် ၂၀၂၁ခုနှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ။ ၃၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တရားလွှတ်တော်တရားသူကြီးများခန့်အပ်တာဝန်ပေးမြန်မာ့အလင်းသတင်းစာ(၂၀၁၁ခုနှစ်မတ်လ၃၁ရက်နေ့ထုတ်သတင်းစာ၊စာမျက်နှာ၁၁) (၃၁ မတ် ၂၀၁၁)။ ၃၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးများမွန်ပြည်နယ်တရားလွှတ်တော်ရုံး။ ၃၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ကော်မတီဝင်များနှင့်တွေ့ဆုံMyanmar Digital News (၂၄ မတ် ၂၀၂၃)။ ၃၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။