ညောင်သီးလည်း စား၊ လေးသံလည်း နားထောင်
ညောင်သီးလည်း စား၊ လေးသံလည်း နားထောင် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်ညောင်သီးစားနေသောငှက်သည် တစ်ဖက်မှ မိမိကို အန္တရာယ်ပြုမည့် လေးသံကို နားစွင့်ရသကဲ့သို့ လုပ်ငန်းတစ်ခုကို ဆောင်ရွက်နေစဉ် အန္တရာယ်ကိုလည်း တစ်ဖက်က သတိပြုရသည်။ [၁]
မူလရင်းမြစ်
ပြင်ဆင်ရန်- "အယ်ဒီတာဆိုသည်မှာ ညောင်သီးလည်း စား၊ လေးသံလည်း နားထောင်ဟူ၏သို့ အဖက်ဖက်ကို ငဲ့ရမည့်သူ၊ တာဝန်ရှိသူများ ဖြစ်ပေသည်။" [၁၃၁၁] ကန်း။ ၅။
- ညောင်သီးကိုလည်း စား၊ လေးမြားရဲ့အသံကိုလည်း နားထောင်ဟူသကဲ့သို့ တစ်ဖက်က ဈေးရောင်းနေရစဉ်တွင် အခြားတစ်ဖက်ကလည်း လေယာဉ်သံကို နားထောင်နေကြရတော့သည်။" [၁၃၄၅] သာသနာ။ ၆၇။