ညဲဗာမြစ်

ရုရှားနိုင်ငံရှိ မြစ်


ညဲဗာမြစ်(ရုရှား: Нева́, IPA: [nʲɪˈva])သည် ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း လီနင်ဂရတ်ဒေသ လာဒိုဂါရေကန်မှ စီးဆင်းသော တစ်ခုတည်းသော မြစ်ဖြစ်သည်။ ညဲဗာမြစ်သည် စိန့်ပီတာစဘတ်မြို့ကို ဖြတ်သန်းစီးဆင်းပြီး ညဲဗာပင်လယ်အော်မှတဆင့် ဖင်လန်ပင်လယ်ကွေ့ထဲသို့ စီးဝင်သည်။ ၇၄ ကီလိုမီတာ(၄၆ မိုင်) ရှည်လျားပြီး ပျမ်းမျှ ရေစီးမှု ပမာဏအရ ဥရောပတိုက်၏ တတိယ အကြီးဆုံးမြစ်ဖြစ်သည်။ ညဲဗာမြစ်သည် လာဒိုဂါကန်မှ စီးဆင်းသော တစ်ခုတည်းသော မြစ်ဖြစ်သည်။ မြစ်အတွင်း သင်္ဘောများ ဖြတ်သန်းသွားလာနိုင်ပြီး ညဲဗာမြစ်သည် ဗော်ဂါ-ဘောတစ် ရေလမ်းကြောင်းနှင့် ပင်လယ်ဖြူ-ဘောတစ်တူးမြောင်း၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ သမိုင်းဝင် အဖြစ်အပျက်များစွာ ဖြစ်ပွားခဲ့သော နေရာတစ်ခုဖြစ်ပြီး ထိုအထဲတွင် ၁၂၄၀ ခုနှစ်က အလက်ဇန္ဒား ညဲဗစကီး ပါဝင်တိုက် ခိုက်ခဲ့သော ညဲဗာမြစ်ကမ်းတိုက်ပွဲနှင့် ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တို့နှင့် တိုက်ခိုက်ခဲ့သော လီနင်ဂရတ်မြို့သိမ်းတိုက်ပွဲ တို့မှာ ထင်ရှားလှသည်။

Опоры моста в устье Староладожского канала.jpg
Ust Izhora 17.jpg
Peter the Great bridge in context.jpg
Sankt-Petěrburg, řeka Něva.jpg
လာဒိုဂါတူးမြောင်းဝမှ ညဲဗာမြစ်ကိုမြင်ရပုံမြင်ကွင်း အီရှိုရာမြစ်ဝမှ ညဲဗာမြစ်ကို မြင်ရပုံ မဟာပီတာတံတာအနီး ညဲဗာမြစ် Trinity Bridge မှ မြင်ရပုံ မြင်ကွင်း