ညှပ်ဖိနပ် သည် ကြိုးသိုင်းဖိနပ်တစ်မျိုး ဖြစ်သည်။ ညှပ်ဖိနပ်ဆိုသည်မှာ မြန်မာလူမျိုးများ ဝတ်ဆင်ကြသည့် ကြိုးသိုင်းဖိနပ်အားလုံးနီးပါးကို ဆိုလိုသည်။ အများဆုံး ဝတ်ဆင်ကြသည်မှာ အထက်မြန်မာနိုင်ငံတွင် စတင်ကာဖြစ်ပေါ်လာခဲ့သည့် မန္တလေးကတ္တီပါဖိနပ် ဖြစ်သည်။ ညှပ်ဖိနပ်ဟု ခေါ်ဆိုရခြင်းမှာ ခြေမနှင့် ခြေညှိုးကြားတွင် ဖိနပ်ကြိုးကို ညှပ်ကာ ဝတ်ဆင်ရသဖြင့် "ညှပ်ဖိနပ်" ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

ညှပ်ဖိနပ် (ကတ္တီပါဖိနပ်)

ဒီဇိုင်းနှင့် ပုံစံ ပြင်ဆင်ရန်

ဤဖိနပ်သည် အလွန်ရိုးစင်းပြီး မြန်မာနိုင်ငံရှိ လူအားလုံးနီးပါး ဝတ်ဆင်ကြသည်။ ဖိနပ်တွင် ခြေဖဝါးအောက်ခံတစ်ခုကို Y သိုင်းကြိုးဖြင့် မြဲအောင်တပ်ဆင်ထားသည်။ ထိုသိုင်းကြိုးသည် ခြေမနှင့် ခြေညှိုးကြားကို ဖြတ်သန်းသွားကာ ခြေဖမိုး၏ တစ်ဖက်တစ်ချက်စီတွင် တည်ရှိသည်။ မြန်မာ့ညှပ်ဖိနပ်များ ပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းသည် ကွဲပြားသည်။ ခြေဖဝါးအောက်ခံသည် မည်သည့် ဒီဇိုင်း၊ အဆင် မှ မပါရှိဘဲ ဗြောင်ပုံစံ ဖြစ်သည်။ ခြေဖဝါးအောက်ခံကို ကတ္တီပါသားဖြင့် ဖုံးအုပ်ထားသည်။ ၎င်းကတ္တီပါသားသည် အညိုရောင် သို့မဟုတ် အနက်ရောင်ကို အမြဲတမ်းအသုံးပြုသည်။ သို့သော်လည်း ထိုအရောင်သည် အသုံးပြုမှုအပေါ်မူတည်ကာ ကွဲပြားနိုင်သည်။ ကတ္တီပါညှပ်ဖိနပ်များကို မင်္ဂလာဆောင်ကဲ့သို့သော အခမ်းအနားများတွင် ဝတ်ဆင်လေ့ရှိသည်။

မြန်မာ့ညှပ်ဖိနပ်များ၏ အောက်ခြေဘက်တွင် ပွတ်တိုက်မှုရှိစေရန်အတွက် ပြုလုပ်ထားမှ မရှိပေ။ ထို့အတွက်ကြောင့် ၎င်းဖိနပ်များသည် စိုစွတ်၍ ချော်နေသည့် အနေအထားမျိုးတွင် ဝတ်ဆင်ရန် မသင့်လျော်ပေ။

==ကိုးကား==ညှပ်ဖိနပ်များကိုတနည်းအားဖြင့်ကတီပါဖိနပ်များဟုလည်းခေါကြသည်။ယင်းညှပ်ဖိနပ်များကိုနေရာဒေသအသီးသီးမှာလူမျိုးမရွေးဘာသာမရွေးစီးနိုင်ပါသည်။