[၁] ကာမရာဂ, ဗျာပါဒ, ထိနမိဒ္ဓ, ဥဒ္ဓစ္စကုက္ကုစ္စ, ဝိစိကိစ္ဆာ-ဟူသော နီဝရဏတရား ငါးပါးတို့၏ အာရုံ(အကြောင်း)တရားတို့ကို နှလုံးသွင်းခြင်း၊ ကြိမ်ဖန်များစွာ အလေ့ အလာပြုခြင်းကြောင့် မဖြစ်သေးသော ယင်းနီဝရဏတရားတို့ ဖြစ်ပေါ်လာကုန်၏။ ဖြစ်ပြီးသော နီဝရဏတရားတို့ အလွန်များပြားစွာ ပြန့်ပွားလာကုန်၏။

ဗောဇ္ဈင် (၇)ပါးတို့၏ အာရုံဖြစ်သောတရားတို့ကို နှလုံးသွင်းခြင်း၊ ကြိမ်ဖန်များစွာဖြစ်ပွားရန် အလေ့အလာပြုခြင်းကြောင့် မဖြစ်သေးသော ဗောဇ္ဈင်တရားတို့ ဖြစ်ပေါ် လာကုန်၏။ ဖြစ်ပြီးသောဗောဇ္ဈင်တရားတို့ ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏ဟု နီဝရဏတစ်ပါးစီ တစ်ပါးစီ၊ ဗောဇ္ဈင်(၇)ပါး တစ်ပါးစီ တစ်ပါးစီကို ဝေဖန်၍ ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက် အနည်းငယ်သာ ရှိပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၃၊၇၆။ သံ၊မြန်၊၃၊၈၀။ သံ၊ဋ္ဌ၊၃၊၁၈၆။ သံ၊ဋီ၊၂၊၄၂၅။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၂-ဗောဇ္ဈင်္ဂသံယုတ္တ၊ ၃-ဥဒါယိဝဂ္ဂ၊ တတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ