ဌာနိဿရော

အမေရိကန်လူမျိုး ဗုဒ္ဓဘာသာ ရဟန်းတော် (၁၉၄၉ ခုနှစ်တွင် ဖွားမြင်)

ဌာနိဿရော မထေရ် (အင်္ဂလိပ်: Ṭhānissaro) သည် အမေရိကန် ဗုဒ္ဓဘာသာရဟန်း တစ်ပါးဖြစ်၍ အာချန်(အာစရိယ) ဂျဲ့ဖ် (Ajahn Geoff) ဟူ၍လည်း သိရှိကြသည်။ ထိုင်းတောကျောင်းဂိုဏ်း (ကမ္မဋ္ဌာန ထိုင်းတောကျောင်းဂိုဏ်း) မှဖြစ်၍ အာချန် ဖူဝမ် ဇောတိကမထေရ်၏ သွန်သင်မှုအောက်တွင် ဆယ်နှစ်ကြာ လေ့လာသင်ယူခဲ့သည်။ ၁၉၉၃ မှစ၍ ကာလီဖိုးနီးယား၊ ဆန်ဒီယေဂိုကောင်တီရှိ မေတ္တာတောရပ်ကျောင်း၏ ကျောင်းထိုင်ဆရာတော်အဖြစ် တာဝန်ယူခဲ့သည်။[၂]

ဌာနိဿရော မထေရ်
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ဆင်းသက်မှုထိုင်းကမ္မဋ္ဌာန်းတောကျောင်း
ဂိုဏ်းဓမ္မယုတ္တိက နိကာယ
ပညာရေးOberlin College
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသား/လူမျိုးအမေရိကန်
မွေးဖွားGeoffrey DeGraff
(1949-12-28) ၂၈ ဒီဇင်ဘာ၊ ၁၉၄၉ (အသက် ၇၄)[၁]
နယူးယောက်၊ လောင်းအိုက်လန်
ဘာသာရေးရာ
ဆရာ(များ)အာချန် ဖူဝမ် ဇောတိက
ရဟန်းခံခြင်း၁၉၇၆ နိုဝင်ဘာ ၇ (အသက်-၂၆)
(၄၇ နှစ် အကြာက)[၁]
ရာထူးမေတ္တာတောရပ်ကျောင်း၏ ကျောင်းထိုင်ဆရာတော်
ဝက်ဘ်ဆိုဒ်dhammatalks.org

အရှင် ဌာနိဿရောကို ဓမ္မပဒ နှင့် သုတ္တန်ပိဋကတ်မှ သုတ္တန်ပေါင်း ၁၀၀၀ နီးပါး ဘာသာပြန်ဆိုမှုများကြောင့် လူသိများထင်ရှားကာ အစောပိုင်းတွင် ကိုးကားဝက်ဘ်ဆိုဒ်ဖြစ်သော 'Access to Insight' အတွက် သုတ္တန်များစွာကို အခမဲ့ပြန်ဆိုပေးခဲ့၍[၃] ထိုဆိုဒ်တွင် အသစ်ထပ်မံထည့်သွင်းမှု မရှိသည့်အခါ ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်တွင် ဆက်လက်ဖော်ပြရေးသားခဲ့သည်။[၄] ထိုဆက်လက်ရေးသားမှုများ၌ ထိုင်းတောကျောင်း အာစရိယတို့၏ ဓမ္မဟောပြောပို့ချမှုများပါဝင်သည်။ ကိုယ်တိုင်ရေးသားသော ဓမ္မဆိုင်ရာလက်ရာများ၊ ၎င်း၏ ပါဠိဘာသာပြန်များနှင့် ပတ်သက်သော လေ့လာမှုလမ်းညွှန်စာအုပ်များကိုလည်း ပြုစုခဲ့၏ ။[၅]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ พระภาวนาวิธานปรีชา วิ. (เจฟฟรีย์ ฐานิสฺสโร).
  2. Roether 1995.
  3. Access to Insight: Translators။ September 13, 2015 တွင် ပြန်စစ်ပြီး။
  4. https://www.dhammatalks.org/suttas/ati.html
  5. Orloff၊ Rich (2004)၊ "Being a Monk: A Conversation with Thanissaro Bhikkhu"Oberlin Alumni Magazine99 (4)