ဌာနီပြည်ကြီးကဝေးသနှင့် ကဗျာကို ဦးကြင်ဥ ရေးဖွဲ့ခဲ့သည်။ ညည်းချင်း ကဗျာအမျိုးအစား ဖြစ်သည်။ ဌာနီပြည်ကြီးနှင့် အဝေးသို့ရောက်နေစဉ် တစ်ကိုယ်တည်း လွမ်းဆွတ်ဖွယ်ကောင်းသော တောတောင်ရေမြေ ရာသီဥတုတို့၏ အခြေအနေကို ရေးဖွဲ့ထားခြင်း ဖြစ်သည်။

ဌာနီပြည်ကြီးကဝေးသနှင့် ပြင်ဆင်ရန်

ဪ .... တစ်ကိုယ်ဆွေးဖွယ်
မြောင်ခင်တန်းနှင့်၊ တောင်ကမ်းကွယ်
လမ်းဘယ်ဝယ်ရှိ
နယ်ရှစ်ခွင်လုံး၊ တိမ်မင်တုံး
မိုးလုံးအိသို့၊ အို ... သိတတ်ပြီ။

မြိုင်ခြေအုပ်က၊ ရွှေဘုတ်ကယ်အီသည်
ဌာနီပြည်ကြီးကလည်း ဝေးသနှင့်။

ငုံကင်းငယ်ပန်းမန်၊ ရွက်ရင့်လျှောလို့
ရွက်ကြောငယ်လှန်သည်
တောင်ပြန်လေညင်းကလည်း သွေးသနှင့်။

သူရကန်စက်၊ ဖန်ဂယက်လည်း
လယ်ချက်ဗဟို
ယုဂန်စွန်းက၊ ထိမ်ကွန်းငယ်ခိုသည်
ချိန်ညိုနေမင်းကလည်း၊ အေးသနှင့်။

နောင့်ဆွေးငယ်ဗျာဝှန်၊ လွန့်ထက်လွန်ကို
တစ်သွန်ကူလှောက်
ဘယ်ဖြေဆည် ဖျောက်နိုင်လိမ့်။

သဖြန်
တောမြောက်ကကြိုးခွေ။

စိမ့်ကြီးမြိုင်ချောင်က
ရွှေဖိုးခေါင် သံချိုညောင်း။

ဒေါင်းကအိုးဝေ။

တောင်တံပြက်၊ ကျောက်စက်ကျစမ်းရေ
တွေတွေစိမ့်ကြည်အေး။

အို ... နောင့်တည်းဟာမို့
ရွှေသည်းမှာ ကြေကွေဆူလှတယ်
နန်းသူကြောင့်လေး။

ကိုးကား ပြင်ဆင်ရန်

  1. ဦးရဲဝေ (မြန်မာစာ)။ ဒသမတန်းမြန်မာစာသင်ရိုးကုန်လေ့လာချက်