အရှင်ဌိတဉ္ဇလိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

တိဿမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

တိဿမြတ်စွာဘုရား လက်ထက်တွင် အရှင်ဌိတဉ္ဇလိယထေရ် သည် သားမုဆိုးတစ်ဦး ဖြစ်၏။ တစ်နေ့သောအခါ မုဆိုးသည် တောအရပ်တွင် မြတ်စွာဘုရားကို ဖူးမြင်ရ၏။ ထို့နောက် မုဆိုးသည် မြတ်စွာဘုရားရှင်အား လက်အုပ်ချီ၍ အရှေ့အရပ်သို့ ဖဲသွားခဲ့၏။ ထို့နောက်တွင် မုဆိုးအား မုကြိုး ထိမှန်၏။ ထိုအခါ မုဆိုးသည် မသေမီ ထပ်မံ၍ မြတ်စွာဘုရားအား လက်အုပ်ချီခြင်းကို ပြုခဲ့ပြန်၏။ [၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ထိုသို့ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်တွင် မြတ်စွာဘုရားအား လက်အုပ်ချီမှုကို ပြုခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ပေ။ ထို့ပြင် ငါးဆယ့်လေးကမ္ဘာထက်တွင် “မိဂကေတု” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဌိတဉ္ဇလိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ နာဂသမာလဝဂ်