ဦးဌေးငွေ (၁၀ ဩဂုတ် ၁၉၇၀ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်ပြီး မြောင်မြို့နယ် ကိုယ်စားပြု၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။[၁][၂]

ဦးဌေးငွေ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်မြောင်မြို့နယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1970-08-10) ၁၀ ဩဂုတ်၊ ၁၉၇၀ (အသက် ၅၃)
တွင်းကြီးကျေးရွာ၊ မြောင်မြို့နယ်၊ စစ်ကိုင်းတိုင်း Myanmar
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါ်နှင်းဆီ
သားသမီး
မိဘဦးကံမြိုင်
ဒေါ်တင်မြ
မိခင်ကျောင်းရန်ကုန်စီးပွားရေးတက္ကသိုလ် (B.Ecom)

အစောပိုင်းဘဝနှင့် ပညာရေး ပြင်ဆင်ရန်

ဦးဌေးငွေကို ၁၉၇၀ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် မြောင်မြို့နယ်၊ တွင်းကြီးကျေးရွာ၌ မွေးဖွားခဲ့သည်။ သူသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးဘွဲ့ ရရှိခဲ့သည်။

နိုင်ငံရေး ပြင်ဆင်ရန်

သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် တစ်ဦး ဖြစ်သည်။ ၁၉၉၉ ခုနှစ်က မြောင်မြို့နယ်တွင် NLD ဥက္ကဋ္ဌဒိုင်း ဘောလုံးပွဲကျင်းပခြင်းကိစ္စဖြင့် ထောင်ဒဏ် ၇ နှစ် ကျခံခဲ့ရသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မြောင်မြို့နယ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။

ကိုးကား ပြင်ဆင်ရန်

  1. Mp Profile (in my)။ Pyidaungsu Hluttaw။ 27 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 August 2018 တွင် ပြန်စစ်ပြီး။
  2. ၂၀၁၅ ရွေးကောက်ပွဲ ကိန်းတွေ…… Myanmar general election, 11/8/2015 (in my)။ 22 January 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 August 2018 တွင် ပြန်စစ်ပြီး။