ဝင်း၊ တက္ကသိုလ်

(တက္ကသိုလ်ဝင်း မှ ပြန်ညွှန်းထားသည်)

တက္ကသိုလ်ဝင်း (အေဒီ ၁၉၂၉) ပြင်ဆင်ရန်

မန္တလေး တက္ကသိုလ် ကျောင်းသား ခေါင်းဆောင် တဦးလည်း ဖြစ်ခဲ့သူ စာရေး ဆရာ တက္ကသိုလ်ဝင်း (အေဒီ ၁၉၂၉) အကြောင်းကို ‘မန္တလေး ဒိုင်ယာရီ’ စာအုပ်ကနေ ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

  • မန္တလေး မှ ထင်ရှားခဲ့သော စာရေးဆရာ တဦး။
  • အမည်ရင်း - ဦးဝင်းမောင်။
  • ၁၉၂၉ စက်တင်ဘာ ၁၅ တွင် အဖ ဦးလှဖေ၊ အမိ ဒေါ်မြသင်း တို့က မန္တလေးမြို့တွင် မွေးဖွားခဲ့။
  • ၁၉၃၈ - ၄၂ တွင် မန္တလေး စိန်ပီတာ ကျောင်းတွင် တတိယတန်း အထိ ပညာ သင်ကြားခဲ့ပြီး ၁၉၄၉ - ၅ဝ တွင် တက္ကသိုလ်ဝင်တန်း အောင်ခဲ့။
  • ၁၉၅ဝ တွင် မန္တလေး တက္ကသိုလ် ရောက်ရှိခဲ့ပြီး ၁၉၅၂ မှ စ၍ မန္တလေး ကျောင်းသား လှုပ်ရှားမှုများ၌ ပါဝင်ခဲ့။
  • ကျောင်းသား ညီညွတ်ရေး တပ်ဦးနှင့် မန္တလေး တက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင်၊ မန္တလေး ခရိုင် ကျောင်းသား သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ တာဝန်များ ယူခဲ့။
  • ၁၉၅၃ - ၅၄ အောက်တိုဘာ ကျောင်းတလ တိုက်ပွဲ၌ ရာသက်ပန် ကျောင်းထုတ်ခံရ။
  • ၁၉၅၅ - ၅၆ တွင် အထက်ဗမာ (မြန်မာ) နိုင်ငံ ကလောင်သစ် လူငယ်များ အဖွဲ့ချုပ် အတွင်းရေးမှူး၊ မန္တလေး တက္ကသိုလ် ကလောင်ရှင်အသင်း အတွင်းရေးမှူး၊ ၁၉၅၆ - ၅၈ တွင် ဥက္ကဋ္ဌ။
  • ၁၉၅၆ - ၅၇ တွင် မန္တလေး တက္ကသိုလ် နှစ်လည် မဂ္ဂဇင်း စာတည်း။
  • ၁၉၅၄ - ၆၅ တွင် အထက်ဗမာ (မြန်မာ) နိုင်ငံ စာရေး ဆရာအသင်း အမှုဆောင် တာဝန်များ ဆောင်ရွက်ခဲ့။
  • စာနယ်ဇင်းများ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးများရေးခဲ့။
  • အမက (၁၆) တွင် ကျောင်းဆရာ လုပ်ခဲ့။
  • ၁၉၅၆ တွင် “ရှေ့သို့” စာအုပ် ထုတ်ဝေခဲ့။