တက်ကျမ်း
တက်ကျမ်းဟူသော စာအုပ်အမျိုးအစားသည် စာဖတ်သူများအား ကိုယ်ရေးကိုယ်တာပြဿနာများ ဖြေရှင်းနည်းကို လမ်းညွှန်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားထားခြင်းဖြစ်ပါသည်။ အင်္ဂလိပ်အသုံးအနှုန်းဖြစ်သည့် ဆဲလ်ဖ်ဟဲလ် (self-help) ဆိုသော စာအုပ်အမျိုးအစားခွဲမှုကိုမူ ၁၈၅၉-ခုနှစ်တွင် ဆမ်မျူရယ်လ် စမိုင်းလ်ရေးသားသည့် ကိုယ့်ကိုယ်ကိုယ်ကူညီခြင်း (Self-Help) ဟုခေါ်သည့် အရောင်းရဆုံးစာရင်းဝင် စာအုပ်မှ ရယူထားသည့် အမည်ဖြစ်သည်။ "မိမိကိုယ်ကိုတိုးတက်စေခြင်း" (self-improvement) ဟူသော ခေတ်ပေါ် အသုံးအနှုန်းဖြင့်လည်း လူသိများသည့် စာအုပ်အမျိုးအစား ဖြစ်သည်။
တက်ကျမ်းစာအုပ်များသည် သီးသန့်လူနည်းစုသာ စိတ်ဝင်စားသော စာပေအမျိုးအစားအဖြစ်မှ နှစ်ဆယ်ရာစုနှောင်းပိုင်းတွင် ခေတ်ရေစီးကြောင်းကို တော်လှန်သော (post-modern) ယဉ်ကျေးမှုဆိုင်ရာ ဖြစ်စဉ်တစ်ခုအဖြစ်သို့ ပြောင်းရွှေ့ခဲ့သည်။[၁]
မြန်မာစာပေလောကတွင်မူ ဘဝအောင်မြင် ကြီးပွားတိုးတက်ရေးအတွက် ရေးသားထားသော စာပေများကို တက်ကျမ်းဟု ခြုံငုံပြီး ခေါ်ဆိုသည်။
တက်ကျမ်း ဥပမာများ
ပြင်ဆင်ရန်ဆရာကြီး ပီမိုးနင်းသည် မြန်မာစာပေလောကတွင် ထင်ရှားသော တက်ကျမ်းစာရေးဆရာတစ်ဦး ဖြစ်ပြီး၊ သူ၏ အောင်စိတ်[၂]၊ လက်တွေ့ကြီးပွားရေးကျမ်း။[၃] အစရှိသည့် စာအုပ်များသည် တက်ကျမ်းစာရင်းဝင် စာအုပ်များ ဖြစ်ကြပေသည်။
တက်ကျမ်းစာပေများကို ချစ်စံဝင်း၊ ဖေမြင့်၊ ဒေါက်တာမတင်ဝင်း၊ ချစ်နိုင်(စိတ်ပညာ)၊ ဒေါက်တာကျော်စိန်၊ ခင်မောင်သန်း(စိတ်ပညာ)၊ ခင်မောင်ကြွယ်(ဘောဂဗေဒ)၊ ကြည်မင်း၊ ဦးအေးမောင် စသည့် စာရေးဆရာများက ရေးသားကြသည်။ တချို့သည် ဘာသာပြန်များ ဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Micki McGee, Self-help, Inc.: Makeover Culture in American Life (Oxford 2005) p. 11
- ↑ ပီမိုးနင်း၊ အောင်စိတ်။
- ↑ ပီမိုးနင်း၊ လက်တွေ့ကြီးပွားရေးကျမ်း