တက်ဘုန်းကြီး ဝတ္ထုကို မြန်မာစာရေးဆရာ သိန်းဖေမြင့် က သိန်းဖေ ဟူသော ကလောင်အမည်ဖြင့် ရေးသည်။ ကျော်ကြားမှုကိုအသုံးချ၍ လာဘ်လာဘရှာဖွေကာ တလွဲတချော်အသုံးချနေပုံကို ဘာသာရေးနောက်ခံဖြင့် စိတ်ကူးပုံဖော် ထားသည်။ ဤဝတ္ထုကို အကြောင်းပြု၍ ဆရာ သိန်းဖေမြင့်အား တက်ဘုန်းကြီး သိန်းဖေ ဟုလည်း ခေါ်ကြသည်။

ထုတ်ဝေမှုဆိုင်ရာ ကိစ္စများ

ပြင်ဆင်ရန်

ကနဦးထုတ်ဝေသည့် အချိန်ကို မသိရ။ ၁၉၆၈ ခုနှစ်၊ ဇူလိုင်လတွင် အောင်သူရိယ စာပေမှ ပြန်လည်ထုတ်ဝေသည်ကိုသာ တွေ့ရသည်။[]

ထိုခေတ်က တိုးတက်သောခေတ်ကို အတိုအားဖြင့် တက်ခေတ်၊ အဆိုပါကာလရှိ လူငယ်များကို တက်လူ ဟူ၍ ဆိုကြသည့်နည်းတူ ခေတ်ပေါ်ဘုန်းကြီးများကိုလည်း တက်ဘုန်းကြီးဟူ၍ အမည်ပေး သရော်ထားခြင်း ဖြစ်သည်။

ဇာတ်လမ်းအကျဉ်း

ပြင်ဆင်ရန်

မဇ္ဈိမနန္ဒဝန် ကျောင်းရှိ ဦးသုဓဇမှာ ကျော်ကြားသည့် ဓမ္မာကထိကဖြစ်ရန် အားထုတ်နေသူဖြစ်သည်။ လာဘ်လာဘပေါများစေရန် ယပ်လှဲတရားဟောရန် ကြိုးပမ်းရာမှ အမျိုးသမီး တရားနာပရိသတ်၏ အားပေးမှုကို ခံရပြီး မြာပွေရန် ကြိုးပမ်းသည်။ အနီးကပ်ပစ်မှတ်မှာ ကျောင်းပရဝုန်အတွင်းရှိ သီလရှင်မလေး သီလစာရီ ဖြစ်သည်။ ငယ်ရွယ်သော်လည်း ကျောင်းထိုင်ဆရာတော်နှင့် မရှင်းမရှင်းဖြစ်နေသည့် မသီလစာရီမှာ ငယ်ရွယ်၍ အပြောကောင်းသည့် ဦးသုဓဇအား ပစ်ပစ်ခါခါမပြုလျက်ရာမှ အစချီကာ ငြိစွန်းသွားသည်။ ဤအကြောင်းအား ကျောင်းထိုင်ဆရာတော်သိသော် ဦးသုဓဇအား ကျောင်းမှ နှင်ထုတ်သည်။ ကျောင်းလက်မဲ့ကိုယ်တော်မှာ နယ်လှည့်တရားပြစဉ်ပင် ဘာသာရေးလိုက်စားသည့် အပျိုကြီး မစောညွန့်နှင့် ဆုံသည်။ ဝါရင့်သမ္ဘာရင့်နှင့်ကြုံသည့် မစောညွန့်မှာ မူးအား မြစ်ထင်၍ ဦးသုဓဇ လူဝတ်လဲကာ မိမိနှင့် လက်ထပ်နိုင်စေရန် ငွေကြေးထောက်ပံ့လိုက်သည်။ ထိုငွေဖြင့် မသီလစာရီနှင့် ပြန်ပေါင်းထုပ်နေသည်ကို ကျောင်းထိုင်ဆရာတော်ကြီးသိသော် သစ္စာဖောက်နှစ်ဦးအား မိမိလက်ဖြင့် အဆုံးသတ်တော့သည်။

အဓိကဇာတ်ဆောင်များ

ပြင်ဆင်ရန်

ဦးသုဓဇ

မသီလစာရီ

ကျောင်းထိုင်ဆရာတော်

မစောညွန့်

  1. သိန်းဖေ, "တက်ဘုန်းကြီး", အောင်သူရိယ စာပေတိုက်, ၁၉၆၈