တက်သံကျသံဘာသာစကား ပြင်ဆင်ရန်

မြန်မာဘာသာစကားသည် အသံအတက်အကျ ကွဲပြားပုံနှင့် စကားတစ်လုံးနှင့်တစ်လုံး အဓိပ္ပာယ်ကွဲပြားသွားသည်။ တက်သံ(၃)မျိုးရှိသည်။ ၎င်းတို့မှာ_

  1. အမြစ်သံ(အသံနိမ့်သံ)
  2. သံပြေ
  3. အမြင့်သက်သံ တို့ဖြစ်သည်။

အမြစ်သံဆိုသည်မှာ အောက်မြစ် ( -့ ) ပါသောအသံဖြစ်သည်။ အချို့စာလုံးများသည် အောက်မြစ်မထည့်ထားသော်လည်း အောက်မြစ်ပါသော အသံတို့နှင့် အတိုအရှည်အနေအထားတူ၍ အမြစ်သံဟုယူသည်။ အမြစ်သံကို အနိမ့်သက်သံဟုလည်း ခေါ်သည်။ သံပြေသည် ဝိသဇ္ဇနီမပါသောအသံဖြစ်၍ အမြင့်သက်သံသည် ဝိဇ္ဇနီပါသောအသံဖြစ်သည်။ မြန်မာစကားကို စကားလုံးဖွဲ့စည်းပုံအရ ခွဲခြားကြည့်ပါက

  1. ဗျည်း + သရဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော စကားလုံး
  2. ဗျည်းမပါဘဲ သရသက်သက်ဖြင့် ဖွဲစည်းထားသော စကားလုံး ဟူ၍ ( ၂ )မျိုးတွေ့ရသည်။

ဗျည်း+သရ ဖြင့် ဖွဲ့စည်းထားသောစကားလုံး ပြင်ဆင်ရန်

 
စကားလုံ;များ ဗျည်း သရ အသံအမျိုးအစား
လ် အနိမ့်သက်သံ
လာ လ် အာ သံပြေ
လား လား အား အမြင့်သက်သံ

အထက်ပါသာဓကများတွင် စကားလုံးများသ် အသံအတက်အကျသုံးမျိုးရှိသည်။ ထိုအသံအတက်အကျကိုလိုက်၍ အနက်အဓိပ္ပာယ်သည်လည်း ပြောင်းလည်းမှုရှိသည်။

ဗျည်း အနက်အဓိပ္ပာယ်
ဗျည်းသုံးဆယ့်သုံးလုံးတွင် နှစ်ဆယ့်ရှစ်လုံးမြောက်ဗျည်း။
ကမ္ဘာကိုလှည့်ပတ်နေ၍ နေမှအလင်းကို ကမ္ဘာမြေသို့ ရောင်ပြန်ဟပ်ပေး သဘာဝဂြိုဟ်ကြီး။
လာ တစ်ပါးသောအရပ်မှ မိမိနေရာသို့ ဦးတည်ရွေ့လျားသည်။
လား ဦးတည်သွားသည်။
မြည်းထီးနှင့်မြင့်းမတို့စပ်၍ ပေါက်ဖွားသော မြင်းနှင့်တူသည့် သတ္တဝါ

ဗျည်းမပါဘဲ သရသက်သက်ဖြင့် ဖွဲစည်းထားသော စကားလုံး ပြင်ဆင်ရန်

သရ သရ
အောင့် အနိမ့်သက်သံ
အောင် သံပြေ
အောင်း အမြင့်သက်သံ

အထက်ပါသာဓကတွင် အောင့်၊ အောင်၊ အောင်း စကားလုံးသုံးခုသည် အသံအတက်အကျ မတူညီသကဲ့သို့ အနက်အဓိပ္ပာယ်သည်လည်း ပြောင်းလဲသွားသည်။ ထို့ကြောင့် မြန်မာဘာသာစကားကိုတက်ကျသံဘာသာစကားဟု သက်မှတ်သည်။

ကိုးကား ပြင်ဆင်ရန်

Language Commission[လင့်ခ်သေ]
1002 - Aspects of Myanmar[လင့်ခ်သေ]
1002 - မြန်မာရေးရာ[လင့်ခ်သေ]