တကွေ့တော့ တွေ့ကြဦးမယ် (စာအုပ်)

တကွေ့တော့ တွေ့ကြဦးမယ် သည် စာရေးဆရာ နတ်နွယ် ရေးသားသော ၁၉၄၀ ခုနှစ်ခန့် နောက်ပိုင်း မြန်မာပြည် လွတ်လပ်ရေးကြိုးပမ်းမှု အရှိန်တက်စဉ် ကာလနှင့် လွတ်လပ်ရေးရပြီးနောက် ရောင်စုံသူပုန် များ ထကြွ သောင်းကျန်းချိန် ကို နောက်ခံထားကာ ရေးဖွဲ့ထားသည့် ဝတ္ထုရှည်တစ်ပုဒ်ဖြစ်သည်။ စာအုပ်နှင့် ပတ်သက်၍ စာရေးသူက "ဤစာအုပ်သည် ခေတ်တစ်ခေတ်၏ ကြေးမုံပြင်ကို ပေါ်လွင်အောင် စာရေးသူ နတ်နွယ် ၏ ဖန်တီးချက်သာ ဖြစ်ပေသည်။ တကယ့်အဖြစ်အပျက် မဟုတ်ပေ။ ဤစာအုပ်တွင် လူတန်းစား အာဃာတပါရှိသော်လည်း ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ကို ထိခိုက်နစ်နာစေသော သဘောမရှိပါဟု" ဆိုထားသည်။ ၁၉၆၆ ခုနှစ် တွင် ပထမအကြိမ် ထုတ်ဝေခဲ့သည်။

တကွေ့တော့ တွေ့ကြဦးမယ်
စာရေးသူနတ်နွယ်
နိုင်ငံ မြန်မာ
ဘာသာစကားမြန်မာဘာသာ
ထုတ်ဝေခြင်း၁၉၆၆

ကိုးကား ပြင်ဆင်ရန်