တင်မောင်၊ ဦး (မဟာဝိဇ္ဇာ)
ဦးတင်မောင် (မဟာဝိဇ္ဇာ) [၁၉၂၈ - ၁၉၈၄]
ပြင်ဆင်ရန်ဧရာဝတီတိုင်း မအူပင်မြို့တွင် အဖ ဦးဘရင်၊ အမိ ဒေါ်တင်မေ တို့က ၁၉၂၈ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် မွေးဖွားသည်။ အခြေခံ ပညာ များကို မအူပင်မြို့ ကျောင်းတွင် သင်ယူ ခဲ့သည်။ ၁၉၄၂ - ၄၅ အကြား တော်လှန်ရေး ကာလတွင် စစ်မှု ထမ်းခဲ့သည်။ ရန်ကုန် တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ (သမိုင်း) ကို ၁၉၆၃ ခုတွင် ရရှိသည်။ ဗထူး စစ်တက္ကသိုလ် ဖွင့်စတွင် သမိုင်းနည်းပြ အဖြစ် စတင်အမှုထမ်းသည်။ ထို့နောက် ရန်ကုန် တက္ကသိုလ်၊ လုပ်သားများ ကောလိပ်၊ မော်လမြိုင် ကောလိပ်တို့တွင် သမိုင်းနည်းပြ ဆရာအဖြစ် လည်းကောင်း၊ ပညာရေး တက္ကသိုလ် သမိုင်းဌာနတွင် လက်ထောက်ကထိက အဖြစ် လည်းကောင်း၊ ပုသိမ် ကောလိပ် သမိုင်းဌာနတွင် ကထိက၊ ဌာနမှူး အဖြစ် လည်းကောင်း အမှုထမ်းခဲ့သည်။
တက္ကသိုလ်၊ ကောလိပ်သုံး သမိုင်း စာအုပ်များ ပြုစု ခဲ့သည်။ ထင်ရှားသော စာအုပ် အချို့မှာ -
- သီပေါမင်းနှင့် အင်းဝမြို့စား ဒပ်ဖရင် (The Pagoda War By A.T.Q. Stewart) [ဧပြီ ၁၉၇၅၊ ဒီဇင်ဘာ ၁၉၈၂၊ ၂ဝဝ၂]၊
- ရွှေတြိဂံ မြေမှ ဘိန်းဖြူ သံသရာ (The Politics of Heroin in Southeast Asia by Alfred Mecoy) [ဖေဖော်ဝါရီ ၁၉၇၆၊ ဩဂုတ် ၂ဝဝ၁]၊
- ခေတ်မြန်မာ တည်ဟန် [The Making of Burma(Myanmar)] [အောက်တိုဘာ ၁၉၇၈]၊
- စစ်တောင်းမှာ နောက်ဆုံးတိုက်ပွဲ (Sittang: The Last Battle by Louis Allen) [ဇန်နဝါရီ ၁၉၈၅၊ ၂ဝဝ၃] တို့ ဖြစ်ကြသည်။
၁၉၇၅ ခုနှစ်တွင် လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယဆင့်) ချီးမြှင့် ခံရသည်။
၁၉၈၄ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ပုသိမ် ကောလိပ်၌ ကွယ်လွန်သည်။
[၁]
စာညွှန်း
ပြင်ဆင်ရန်- ↑ ၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်မှ စာရေးတွေရဲ့ အတ္ထုပ္ပတ္တိ အကျုဉ်း တွေကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။
- [၁၅၊ ဇွန်၊ ၂ဝဝ၂ တွင် ဦးတင်မောင်ရင်၏ ဇနီး ဒေါ်တင်မေနှင့် သန်လျင် အိမ်တွင် တွေ့ဆုံ မေးမြန်းခြင်း။]