သခင် တင်မောင် (၁၉၁၈-????) သည် မြန်မာ နိုင်ငံရေးသမားနှင့် ဝန်ကြီးဟောင်း ဖြစ်သည်။

ငယ်ဘဝနှင့် ပညာရေး ပြင်ဆင်ရန်

ပြည်ခရိုင် ပေါင်းတည်မြို့နေ ဦးဘိုးချိန်၊ ဒေါ်နုတို့မှ ၁၉၁၈ ခု၊ ဇွန်လ ၁၈ ရက်တွင် မွေးသည်။ တတိယမြောက် သားဖြစ်သည်။

ပေါင်းတည် အစိုးရအထက်တန်းကျောင်းတွင် ကျောင်းနေသည်။

နိုင်ငံရေး လှုပ်ရှားမှုများ ပြင်ဆင်ရန်

ကိုလိုနီခေတ် ပြင်ဆင်ရန်

ပေါင်းတည် အစိုးရအထက်တန်းကျောင်း ကျောင်းသားသမဂ္ဂထောင်ရာတွင် ပါဝင်သည်။ ကျောင်းသားသပိတ်ဖြစ်သော် ခေါင်းဆောင်အဖြစ် ပါဝင်သည်။

ပေါင်းတည် ဒို့ဗမာအစည်းအရုံး ခေါင်းဆောင်များအနက် တဦးဖြစ်ပြီး အတွင်းရေးမှူး၊ လက်ရုံးတပ်ဗိုလ်အဖြစ် တာဝန်ယူရသည်။

၁၃၀၀ ပြည့် တောင်သူလယ်သမားအရေးတော်ပုံ ဒို့ဗမာအစည်းအရုံးမှ ရွေးသည့် အသေခံဗိုလ် ၄၀ အနက် ပြည်ခရိုင်ကိုယ်စားပြု အဖြစ်သည်။ ရွှေတိဂုံကုန်းတော် သပိတ်ပေါင်းစုံစခန်း ရိက္ခာထောက်ဌာန တာဝန်ခံ လုပ်ခဲ့သည်။

နယ်ချဲ့ဆန့်ကျင်ရေး လုပ်သည့်အခါ မင်းဘူးခရိုင် ပြည်ခရိုင် စည်းရုံးရေးတာဝန်ခံအဖြစ် လှုပ်ရှားသည်။ အင်္ဂလိပ်တို့ ဆုတ်စဉ် ယာယီ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။ ဒို့ဗမာ ဆင်းရဲသားအစည်းအရုံး မြို့နယ်မှူးလည်း ဖြစ်သည်။

ဂျပန်ခေတ် ပြင်ဆင်ရန်

ဖက်ဆစ်တော်လှန်ရေး လုပ်သည့်အခါ ပြည်ခရိုင် သာယာဝတီခရိုင် အင်းစိန်ခရိုင် အပါအဝင် တိုင်း (၁) စစ်မက်ရေးရာခေါင်းဆောင်နှင့် နိုင်ငံရေးရာခေါင်းဆောင် (၂ ယောက်အနက် တယောက်) အဖြစ် ပါဝင်သည်။ ပေါင်းတည်အရှေ့ပိုင်း ရိုးမယုတ်ဆိုင်ရွာတွင် တပ်မဟာစိုက်သည့်အခါ နိုင်ငံရေးရာရုံး ဦးစီးမှူးအဖြစ် လုပ်သည်။

တော်လှန်ရေးပြီးနောက် ပြည်ခရိုင် ဖဆပလအဖွဲ့ကို တည်ထောင်သည်။ ပြည်သူ့ငြိမ်းချမ်းရေး ဗဟိုကောင်စီ၊ သမဝါယမ ဆပ်ကော်မတီ ဗဟိုစည်းရုံးရေးမှူးအဖြစ် လုပ်ကိုင်သည်။

ပါလီမန်ခေတ် ပြင်ဆင်ရန်

ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံး ဌာနချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။ ၁၉၅၂ ခုနှစ် ရွေးကောက်ပွဲတွင် ပေါင်းတည်မြို့နယ်ကိုယ်စားပြု ယှဉ်ပြိုင်ရာ အမတ်အဖြစ် အရွေးခံရသည်။ ပြည်ထဲရေး ဝန်ကြီးဌာန ပါလီမန်အတွင်းဝန် လုပ်ရသည်။

နောက်တကြိမ် ရွေးကောက်ပွဲ၌လည်း ပေါင်းတည်မှ ထပ်အရွေးခံပြီး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးဝန်ကြီး ဖြစ်လာသည်။ [၁]

မိသားစုဘဝ ပြင်ဆင်ရန်

၁၉၅၂ ခု၊ ဖေဖော်ဝါရီလတွင် ဒေါ်တင်ကြည်နှင့် အိမ်ထောင်ပြုရာ သား ၂ ယောက် ရှိသည်။

ဘဝနိဂုံး ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. သခင်တင်မောင်၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးဌာန ဝန်ကြီး။ ပြည်ထောင်စုသား။ အတွဲ ၅၊ အမှတ် ၂၀။ ၁၉၅၆၊ ဩဂုတ် ၉။