တင်မြင့် (တက္ကသိုလ်)

(တင်မြင့်၊ တက္ကသိုလ် မှ ပြန်ညွှန်းထားသည်)

ပညာရွှေတောင် စာအုပ်တိုက် ကနေ ၂ဝဝ၃ ခုနှစ်၊ ဧပြီလမှာ ပထမ အကြိမ် အဖြစ် ထုတ်ဝေ ခဲ့တဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ 'နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း' စာအုပ်က "တက္ကသိုလ် တင်မြင့် (၁၂၉ဝ)" အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။


တက္ကသိုလ် တင်မြင့် (၁၂၉ဝ) ပြင်ဆင်ရန်

  1. အမည်ရင်း - ဦးတင်မြင့်
  2. မိဘအမည် - ဦးခင်လတ်
  3. မွေးသက္ကရာဇ် - ၁၉၂ဝ ပြည့်၊ သီတင်းကျွတ် လဆန်း ၅ ရက်
  4. မွေးဖွားရာ ဒေသ - ရေနံချောင်း


ကိုယ်ရေး ဖြစ်စဉ် ပြင်ဆင်ရန်

စာရေး ဆရာ တက္ကသိုလ် တင်မြင့်သည် ငယ်စဉ်ကပင် စာဖတ် ဝါသနာ ပါခဲ့သည်။ လမ်းမတော် ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်း ဟိုက်စကူးတွင် (၁၉၄၅ မှ ၁၉၅ဝ) အထိ ပညာ သင်ကြား ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ဆယ်တန်း အောင်၍ တက္ကသိုလ်သို့ တက်ရောက် ခဲ့သည်။


ထိုအချိန်မှ စပြီး မဂ္ဂဇင်း ဝတ္ထုရှည်၊ အတို အပုဒ် ၆ဝ ခန့် ရေးသားကာ စုံထောက် မဂ္ဂဇင်း၊ လျှို့ဝှက် သည်းဖို မဂ္ဂဇင်း များတွင် ဖော်ပြ ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ဇနီး ခင်မာသစ်နှင့် လက်ထပ်ခဲ့ပြီး နိုင်ငံတော် ကောက်ပဲသီးနှံ ရောင်းဝယ်ရေး အဖွဲ့တွင် အငယ်တန်း ဇုန်မန်နေဂျာ အဖြစ် အမှု ထမ်းခဲ့သည်။ တာဝန်ကျရာ အင်းစိန်၊ ဇီးကုန်း၊ ပဲခူး၊ တောင်ငူ၊ ကျောက်ဆည် တို့တွင် ဆက်တိုက် အမှု ထမ်းခဲ့သည်။


ပထမဆုံး ရေးသား ခဲ့သော လုံးချင်း ဝတ္ထုမှာ 'မြောက်သို့ လားသော်' ဖြစ်သည်။ ထိုဝတ္ထုကို ၁၉၇ဝ ပြည့်နှစ် နိုဝင်ဘာ လတွင် တက္ကသိုလ် တင်မြင့် ကလောင် အမည်ဖြင့် ထုတ်ဝေ ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် စာကိုသာ သီးသန့် ရေးလို သောကြောင့် ရာထူးမှ လျှော့ပေါ့ ပင်စင်ဖြင့် အငြိမ်းစား ယူခဲ့ပြီး ရန်ကုန်သို့ ပြောင်းရွှေ့၍ လုံးချင်း ဝတ္ထုများကို ရေးသား ထုတ်ဝေ ခဲ့သည်။ ဇနီး ခင်မာသစ်နှင့် သားသမီး ငါးယောက် ထွန်းကား ခဲ့သည်။ ရန်ကုန်မြို့ အိမ်အမှတ် (၅၄၉) (၁၆/၁) ရပ်ကွက် သုမနလမ်း သင်္ဃန်းကျွန်းတွင် နေထိုင်လျက် လုံးချင်း ဝတ္ထုများ ဆက်လက် ရေးသားလျက် ရှိသည်။

တက္ကသိုလ် တင်မြင့် ရေးသား ခဲ့သော စာအုပ်များ ပြင်ဆင်ရန်

  1. ကကြီးရေး သေးသေးတင်
  2. ကနုတ်ကိုဆင် ယဉ်သတဲ့လား - ၁၉၇၂ ခုနှစ်
  3. ကိုကိုစော၊ ကိုကိုစိုင်း - ၁၉၇၇ ခုနှစ်
  4. ကိုကိုလေးနှင့် စီးပွားတစ္ဆေ - ၂ဝဝ၁ ခုနှစ်
  5. ကိုကိုလေးနှင့် နဂါးငွေ့ကန် - ၁၉၇၅ ခုနှစ်
  6. ကတ္တီပါထောင်ချောက် (ပ) - ၁၉၉၄ ခုနှစ်
  7. ကတ္တီပါထောင်ချောက် (ဒု) - ၁၉၉၄ ခုနှစ်
  8. ကိုယ်စီကိုယ်စီ လျှို့ဝှက်သည် (ပ) - ၁၉၉၅ ခုနှစ်
  9. ကိုယ်စီကိုယ်စီ လျှို့ဝှက်သည် (ဒု) - ၁၉၉၅ ခုနှစ်
  10. ကိုယ်စောင့်နတ်က သိပါတယ် - ၁၉၉ဝ ပြည့်နှစ်
  11. ကိုယ့်အသက် တဝက်သူပိုင် - ၂ဝဝဝ ပြည့်နှစ်
  12. ကုန်းပေါ်မှာဆင် ရေပြင်မှာဝေလ - ၁၉၇၃ ခုနှစ်
  13. ကျားဆိုတိုင်း ကြောက်ရမှာလား - ၁၉၉၂ ခုနှစ်
  14. ကျားတေလေ
  15. ကျားနှင့်မှ ကစားသူ - ၁၉၉၁ ခုနှစ်
  16. ကျားဘုရင်ကို သားသမင်က နိုင်ဖူးသည် - ၁၉၉၃ ခုနှစ်
  17. ကျားရှေ့မှာ ချော်လဲရှာသည်
  18. ကျီးကအနင်း ထန်းသီးအကြွေ (ပ) - ၁၉၉၅ ခုနှစ်
  19. ကျီးကအနင်း ထန်းသီးအကြွေ (ဒု) - ၁၉၉၅ ခုနှစ်
  20. ကျေပါပြီ ကျေးဇူးတင်ပါတယ် - ၁၉၉၄ ခုနှစ်
  21. ကျွန်တော့်နာမည် မောင်နှင်းဆီ - ၁၉၇၈ ခုနှစ်
  22. ကျွန်တော့်မှာ အပြစ်ရှိသလား - ၁၉၇၂ ခုနှစ်
  23. ကျွန်တော် ကိုကိုလေး - ၁၉၇၂ ခုနှစ်
  24. ကျွန်မမှာလည်း အသည်းနဲ့ပါ - ၁၉၉ဝ ပြည့်နှစ်
  25. ကြောက်တာမဟုတ်ဘူး မုန်းတာ -
  26. ကွေ့ကောက်နေသော မျဉ်းပြိုင်များ (အခြား ၄ဦး အပါအဝင်) - ၁၉၇၃ ခုနှစ်
  27. ကွန်ချာရစ်ဝိုင်း မုန်တိုင်းပတ်လည် - ၁၉၇၁ ခုနှစ်
  28. ခရုအိမ်ပတ်၍ - ၁၉၇၅ ခုနှစ်
  29. ခင်ဗျားကတော့ တကယ့်လူပဲ - ၁၉၉၅ ခုနှစ်
  30. ခပ်ကြမ်းကြမ်း လူတယောက် - ၁၉၉၇ ခုနှစ်
  31. ခြင်္သေ့ဦးနှင့် ခရုပြာ - ၁၉၇၁ ခုနှစ်
  32. ဂျောက် - ၁၉၇၆ ခုနှစ်
  33. ငရဲသို့တဒင်္ဂ - ၁၉၉၄ ခုနှစ်
  34. ငရဲအထိ လိုက်ရှာမယ် - ၁၉၉၈ ခုနှစ်
  35. ငါ ဘာတွေဖြစ်ခဲ့သလဲ - ၁၉၉၇ ခုနှစ်
  36. ငါ ကကျေဘူး မတောင်းပန်နဲ့ - ၁၉၉၆ ခုနှစ်
  37. ငါဟဲ့ ယောက်ျား စနေသား - ၁၉၉၄ ခုနှစ်
  38. ငယ်မူ (မဂ္ဂဇင်း ဝတ္ထုတိုများ စုပေါင်း)
  39. စံအိမ်လှလှ သောကပွေပွေ - ၁၉၉၉ ခုနှစ်
  40. စိတ္တဇလား ဗီဇလား (ပ) - ၁၉၉၆ ခုနှစ်
  41. စိတ္တဇလား ဗီဇလား (ဇာတ်သိမ်း) - ၁၉၉၆ ခုနှစ်
  42. စိန်ခေါ်သူ ဘွာမခတ်နဲ့
  43. စိန်-စိန်လား မောင်တို့ - ၁၉၉၂ ခုနှစ်
  44. စွဲမိစွဲရာ - ၁၉၇၄ ခုနှစ်
  45. ဆုတ်တက်လှုပ်ရှား ကစားခဲ့သည် - ၁၉၇၃ ခုနှစ်
  46. ဇဝေဇဝါ - ၁၉၇၃ ခုနှစ်
  47. ဇာတ်လမ်းကတော့ ဒါပါပဲ - ၁၉၉၉ ခုနှစ်
  48. တကယ်ဆိုလျှင်
  49. တနွယ်သစ်သစ် တရစ်နှောင်နှောင် - ၁၉၇၂ ခုနှစ်
  50. တရေးနိုးလာသလိုပါပဲ - ၁၉၉ဝ ပြည့်နှစ်
  51. တူးတူးသာလျှင် အဓိက - ၁၉၉၅ ခုနှစ်
  52. တော်တော်ရှုပ်သားပဲ - ၁၉၉၇ ခုနှစ်
  53. တခါက လူမိုက်တယောက် (ပ) - ၁၉၉၆ ခုနှစ်
  54. တခါက လူမိုက်တယောက် (ဒု) - ၁၉၉၆ ခုနှစ်
  55. တနေ့သော် အဖြေပေါ်မည် (ပ) - ၁၉၇၄ ခုနှစ်
  56. တနေ့သော် အဖြေပေါ်မည် (ဒု) - ၁၉၇၄ ခုနှစ်
  57. တယောက်တော့ သေချာသည်
  58. တံလျှပ်ကိုမြင် ရေထင်မိမှား - ၁၉၇၃ ခုနှစ်
  59. တွေ့အောင်ရှာမည် မလေးလေး - ၁၉၇၈ ခုနှစ်
  60. ထောင်ချောက်ထဲမှ လွတ်ခဲ့သည် - ၁၉၉၇ ခုနှစ်
  61. ဒါကတော့ ဖြည်းဖြည်းပေါ့ - ၁၉၉၃ ခုနှစ်
  62. ဒီပွဲမှာ ကျုပ်နိုင်တယ် - ၁၉၉၆ ခုနှစ်
  63. ဒီလိုတော့လည်း လွယ်သားပဲ
  64. ဒီလိုပဲ ဖြစ်ရမယ်၊ ဒီလိုပဲ ချစ်ရမယ် - ၁၉၉၂ ခုနှစ်
  65. ဓားသမားလေး ရဲမင်းဌေး - ၁၉၉၁ ခုနှစ်
  66. နေရိုင်း - ၁၉၉၆ ခုနှစ်
  67. နေရာစိမ်းစိမ်း လူစိမ်းစိမ်း - ၁၉၇၁ ခုနှစ်
  68. နေလို လလို မိန်းကလေး - ၁၉၇၈ ခုနှစ်
  69. နောက်ဆုံးကျမှ ပြောပြမယ်နော် - ၂ဝဝ၁ ခုနှစ်
  70. နိုင်ပေမယ့် သိပ်စွန့်စားရတယ် - ၁၉၉၇ ခုနှစ်
  71. နိုင်သောသူရယ်သည် -
  72. ပခုံးပြောင်း၍ ထမ်းလိုက်သည် - ၁၉၉၈ ခုနှစ်
  73. ပုလဲနက်ဝင်္ကပါ - ၁၉၇၄ ခုနှစ်
  74. ပဝါတကမ်း လက်တလှမ်း - ၁၉၇၄ ခုနှစ်
  75. ပိုးချည်မျှင်ဖြင့် ညွတ်ဆင်သည် - ၁၉၇၁ ခုနှစ်
  76. ပုစ္စာမလေးစောနွယ်နွယ် - ၁၉၉၅ ခုနှစ်
  77. ပတ္တမြားရော နဂါးရော လိုချင်သည် - ၂ဝဝ၁ ခုနှစ်
  78. ပြေးမလွတ်ပါလား - ၁၉၉၆ ခုနှစ်
  79. ပွဲပြီးမှ လက်ခုပ်တီးပါ - ၁၉၉၃ ခုနှစ်
  80. ပွင့်တူရွက်တူ - ၁၉၇၁ ခုနှစ်
  81. ပြဿနာ တထွေးထွေး - ၁၉၇၂ ခုနှစ်
  82. ဖလံပိုးမို့ မီးကိုတိုးသည် - ၁၉၇၂ ခုနှစ်
  83. ဖြိုသည် ပြိုသည် ပျက်သုဉ်းသည်
  84. ဗေဒါပျံ အံကိုခဲ - ၁၉၇၂ ခုနှစ်
  85. ဘာပဲဖြစ်ဖြစ် ဘာပဲပြောပြော - ၁၉၉၁ ခုနှစ်
  86. ဘယ်ကလာသလဲ ဘယ်ကိုသွားမလဲ - ၁၉၉၄ ခုနှစ်
  87. မတော်တဆ - ၁၉၇၆ ခုနှစ်
  88. မလေးလိုလို့ ဝဲပါတယ် -
  89. မမလေးညာတယ် (ပ) - ၁၉၇၄ ခုနှစ်
  90. မမလေးညာတယ် (ဒု) - ၁၉၇၄ ခုနှစ်
  91. မာယာတသိန်းနဲ့ မိန်းမချောလေး - ၁၉၉၃ ခုနှစ်
  92. မိအောင်ဖမ်းမယ် - ၁၉၉၃ ခုနှစ်
  93. မီးလိုလည်းမပူ ရေလိုလည်းမအေး - ၁၉၉၆ ခုနှစ်
  94. မော်တော်ဆိုင်ကယ်နှင့်လူ - ၁၉၉၇ ခုနှစ်
  95. မိုးသက် မုန်တိုင်း စဲလေသော်
  96. မင်္ဂလာပါ လေးလေး - ၂ဝဝဝ ပြည့်နှစ်
  97. မင်းအလှည့်မှသည် ငါ - ၁၉၇၁ ခုနှစ်
  98. မောင်ရင်ကံကောင်းတယ် - ၁၉၉ဝ ပြည့်နှစ်
  99. မြသန္ဈာနှင့် ပတ်သက်၍ (ပ + ဒု) - ၁၉၈၁ ခုနှစ်
  100. မြေကိုလျှိုးမလား
  101. မြေအဆုံး ပုန်းလိုက်စမ်း - ၁၉၇၇ ခုနှစ်
  102. မြေခွေးတကောင် ကျားတကောင် - ၁၉၉၆ ခုနှစ်
  103. မြောက်သို့လားသော် - ၁၉၉၇ ခုနှစ်
  104. မေတ္တာလက်ဆောင် ပေးပါရစေ - ၁၉၇၄ ခုနှစ်
  105. မှန်ထဲကလူ ဘယ်သူလဲ - ၁၉၉၈ ခုနှစ်
  106. မှန်ပါ၏ သို့သော် - ၁၉၉၄ ခုနှစ်
  107. မြွေပွေးကို အလမ္ပယ်ပြမိသည် - ၁၉၉၉ ခုနှစ်
  108. မျက်နှာစိမ်းတွေ ဝိုင်းနေသည်
  109. ယုဝါ သို့မဟုတ် ဝင်္ကပါ - ၁၉၉၃ ခုနှစ်
  110. ယောက်ျား ဆန်လွန်းသော ယောက်ျား
  111. ယောက်ျားဆို ဒီလိုမှ - ၁၉၉၂ ခုနှစ်
  112. ယုန်ရော ကြောင်ရော မိပါသည် - ၂ဝဝဝ ပြည့်နှစ်
  113. ယှဉ်မလား ရှုံးမလား (ပ) - ၁၉၉၇ ခုနှစ်
  114. ယှဉ်မလား ရှုံးမလား (ဒု) - ၁၉၉၇ ခုနှစ်
  115. ရင်ဝယ်လျှပ်လျှပ် ဖြစ်ရပ်ကွန်ချာ - ၁၉၇၂ ခုနှစ်
  116. ရေမှာ မဆုံးပါ (ပ) - ၁၉၉၇ ခုနှစ်
  117. ရေမှာ မဆုံးပါ (ဇာတ်သိမ်း) - ၁၉၉၇ ခုနှစ်
  118. ရုန်းကန်လှုပ်ရှားခဲ့သည် - ၁၉၉၆ ခုနှစ်
  119. ရှားရှားပါးပါး လူတယောက် - ၁၉၉၃ ခုနှစ်
  120. ရှိပါစေတော့ ရှိပါစေတော့ - ၁၉၉၃ ခုနှစ်
  121. ရှေ့မတိုး နောက်မဆုတ်သာ - ၁၉၉၅ ခုနှစ်
  122. ရှင်လျှင် ရွှေထီးပေါ့ - ၁၉၉၅ ခုနှစ်
  123. ရှုပ်မှရှုပ် - ၁၉၉၉ ခုနှစ်
  124. ရှုံးသူမှိုင် နိုင်သူပြုံး - ၁၉၉၉ ခုနှစ်
  125. ရယ်ဖို့မလွယ် ငိုဖို့ခက်ခက်
  126. လူစိမ်းဆိုရင် ကြောက်တယ် - ၁၉၉၅ ခုနှစ်
  127. လူမြင်ရင် မှတ်မိတယ် - ၁၉၉ဝ ပြည့်နှစ်
  128. လေပွေမွှေသည့်နှယ် - ၁၉၉၈ ခုနှစ်
  129. လေလွင့်လာသော သူတယောက် - ၁၉၉ဝ ပြည့်နှစ်
  130. လေးနှမအတွက် ခက်လှသည် - ၂ဝဝဝ ပြည့်နှစ်
  131. လန့်တာကို ပြေးပြီပေါ့ - ၁၉၉၁ ခုနှစ်
  132. လယ်ပြင်ထဲက ဆင်နဲ့ကျား - ၁၉၉၅ ခုနှစ်
  133. လွတ်အောင်ပြေးစမ်း မိအောင်လိုက်မယ် - ၁၉၉ဝ ပြည့်နှစ်
  134. လွယ်မယောင်နဲ့ ခက်တယ် - ၁၉၉၇ ခုနှစ်
  135. ဝေးရာသို့ ပြေးပါလေဦး - ၁၉၇၃ ခုနှစ်
  136. ဝမ်းနည်းပါတယ် မဆွေရယ် - ၁၉၉ဝ ပြည့်နှစ်
  137. သတိထား အနားရောက်နေပြီ
  138. သမင်ရှေ့ ကျားအလယ် မုဆိုးက နောက်ဆုံး
  139. သူတို့က ဒုစရိုက် တို့ကလူမိုက်
  140. သူ ....လူစိမ်း
  141. သူကကျားမို့ ကိုယ့်မှာသားကောင် - ၁၉၇၂ ခုနှစ်
  142. သူတို့အားလုံး ရင်ခုန်သည်
  143. သူလိုလို ကိုယ်လိုလို (ပ + ဒု) - ၁၉၉၄ ခုနှစ်
  144. သဲသဲမဲမဲ - ၁၉၇၇ ခုနှစ်
  145. သဲသဲမဲမဲကြီးပါလား - ၁၉၉၄ ခုနှစ်
  146. သံသယတွေကဝေဝေ လျှို့ဝှက်သည်းဖို ဝတ္ထုများ - ၁၉၇၄ ခုနှစ်
  147. သံသယတွေက များလွန်းတယ် - ၁၉၉၂ ခုနှစ်
  148. သင်္ချာ ဆရာမလေး ဆောင်း
  149. သိန်းတရာတန် လူတယောက် - ၁၉၉၆ ခုနှစ်
  150. သိပ်ချစ် သိပ်သတ္တိရှိ - ၁၉၉၃ ခုနှစ်
  151. သိပ်ဆိုးသော လူကောင်းတယောက် - ၂ဝဝ၁ ခုနှစ်
  152. သိပ်မိုက်တဲ့ အစ်ကို - ၁၉၇၈ ခုနှစ်
  153. သွေးညီနောင် ဘယ်မှာလဲ - ၁၉၉၂ ခုနှစ်
  154. သိုက်
  155. အကြင်နာမုဆိုး - ၁၉၉၉ ခုနှစ်
  156. အညတရလူတယောက် - ၁၉၉၈ ခုနှစ်
  157. အထိတ်တလန့် ပြေးမိသည် - ၂ဝဝ၁ ခုနှစ်
  158. အရူးတယောက်နှင့် တွေ့ဆုံခြင်း - ၁၉၉၉ ခုနှစ်
  159. အဲဒီလူ ဘယ်သူလဲ - ၁၉၉၁ ခုနှစ်
  160. အန္ဈရာယ် အသွယ်သွယ် - ၁၉၉၆ ခုနှစ်
  161. အိမ်ကို မပြန်ချင် - ၁၉၉၅ ခုနှစ်
  162. အောင်ဇေယျတဲ့ ဟေ့ - ၂ဝဝ၁ ခုနှစ်
  163. ဧည့်စိမ်း