မြန်မာနိုင်ငံတိုင်းရင်းမြန်မာ ‌ဆေး‌ကောင်စီတွင် အဖွဲ့ဝင် တစ်ဦး အဖြစ် တာဝန်ထမ်း‌ဆောင်ခဲ့‌သော မြန်မာသမား‌တော်ကြီး ဦးတင်ဦးကို ပုသိမ်ခရိုင် ငသိုင်း‌ချောင်းမြို့နယ် ‌ဒေါင့်ကြီးရွာ၌ အဖ ဦး‌အောင်ဗန်း၊ အမိ ‌ဒေါ်‌ကောက်‌လေးတို့မှ ၁၉၁၅ ခုနှစ် တွင် ‌မွေးဖွားသည်။

မြန်မာသမား‌တော်ကြီး ဦးတင်ဦးသည် ၁၉၂၆ ခုနှစ်မှ ၁၉၃၅ ခုနှစ်အထိ ဟင်္သာတမြို့ ဦးစာရိန္ဒ‌နော်မံ ‌ကျောင်း၌ ဒသမတန်းအထိ ပညာသင်ကြားခဲ့ရသည်။ ၁၉၅၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ ပညာရာမိကမဟာမှ အစိုးရဓမ္မာစရိယ စာ‌မေးပွဲကို အောင်မြင်ခဲ့သည်။

ဦးတင်ဦးသည် အသက် ၁၆ နှစ်အရွယ်ကပင် စာ‌ပေ များကို စတင်‌ရေးသားသည်။ ကမ္ဘာ‌ကျော် စာ‌ရေးဆရာကြီး ကာလီဒါယ ‌ရေးသားခဲ့‌သော သကုªလ၊ ရဃုဝံသ၊ ‌မေဃဒူတ၊ ကုမာရသမ္ဘိ၀ စသည့် ကဗျာကျမ်းကြီးများကို မြန်မာဘာသာသို့ ဘာသာပြန်ဆိုခဲ့သည်။

ဦးတင်ဦးသည် ရဟန်းဘဝဖြင့် ဟိန္ဒူဘာသာ၊ သက္ကတ ဘာသာများကို အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ၌ ‌နေထိုင် သီတင်း သုံးပြီး ကျွမ်းကျင်တတ်‌မြောက်‌အောင် သင်ကြားဆည်းပူးသည်။ ‌ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ‌ဗေဒင်ကျမ်း၊ အဂ္ဂိရတ်ကျမ်းများ ကိုလည်း ‌လေ့လာခဲ့သည်။ အင်္ဂလိပ်‌ဆေးကျမ်းများနှင့် ‌ဆေးဘက်ဝင်သစ်ပင်များအ‌ကြောင်းကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပြီး ‌ဆေးဘက်ဝင်သစ်ပင် အဘိဓာန်ကျမ်းတ‌စ်စောင်ကို ပြုစုခဲ့သည်။

ထို့အပြင် ဝိသုဒ္ဓိမဂ်‌ကောက်နုတ်ချက်၊ သဂင်္ဟဘာသာပြန် သင်ခန်းစာ (ပထမတွဲ-ဒုတိယတွဲ)နှင့် ဝိနယဘာသာ သင်ခန်းစာ (ပထမတွဲ-ဒုတိယတွဲ) စသည့် ဘာသာ‌ရေးဆိုင်ရာ ကျမ်းများကိုလည်း ပြုစုခဲ့သည်။ သမား‌တော်ကြီးဦးတင်ဦး သည် ကျမ်းစာအုပ် ၅၀ ‌ကျော် ‌ရေးသားပြုစုခဲ့သည်။ မြန်မာသမား‌တော်ကြီး ဦးတင်ဦးသည် ၁၉၇၉ ခုနှစ်တွင် နိုင်ငံ‌တော်အစိုးရ၏ ခွင့်ပြုချက်အရ အိန္ဒိယနိုင်ငံသို့ သွား‌ရောက်၍ တိုင်းရင်းသား‌ဆေးပညာများကို ဆည်းပူးခွင့် ရခဲ့သည်။

သမား‌တော်ကြီး ဦးတင်ဦး သည် ၁၉၈၂ ခုနှစ် ဇွန်လ ၂၁ ရက်‌နေ့တွင် ရန်ကုန်မြို့ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ‌ဒေါ်ခင်စိန်နှင့် သမီးသုံး‌ယောက် ကျန်ရစ်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)