ဒဂုန်ဆရာတင်သည် မြန်မာ​တေး​ရေးဆရာ၊ ပြဇာတ်ဆရာတစ်ဦးဖြစ်သည်။

အလင်္ကာကျော်စွာ
ဒဂုန်ဆရာတင်
မွေးဖွားမောင်ညွန့်
မြန်မာသက္ကရာဇ် ၁၂၆၅ ခရစ်နှစ် ၁၉၀၃/၁၉၀၄
​ကော့မှူးမြို့
ကွယ်လွန်၂၊ ဧပြီ၊ ၁၉၇၆
အလုပ်အကိုင်​တေး​ရေးဆရာ၊ ပြဇာတ်ဆရာ
မိဘ(များ)ဦးဖိုးကြင် + ​ဒေါ်ဖွားရှင်

ဒဂုန်ဆရာတင်ကို မြန်မာသက္ကရာဇ် ၁၂၆၅ ခုနှစ်တွင် အဘ ရွေပန်းတိမ် ဆရာကြီး ဦးဖိုးကြင် အမိ ဒေါ်ဖွားရှင်တို့မှ ကွမ်းခြံကုန်းမြို့ အပိုင် ကော့မူးရွာ တွင် ဖွားမြင်သည်။ မွေးချင်း လေးယောက်အနက် ဒုတိယမြောက်သားဖြစ်သည်။ ငယ်မည်မှာ မောင်ညွန့်ဖြစ်ပြီး ဆရာတင် (၃) နှစ်သားအရွယ်တွင် မိဘများရန်ကုန်မြို့ ရွှေတောင်တန်း သို့ပြောင်းရွေ့ကြသည်။ ဘုန်းကြီးလမ်း ဒေါ်မယ်မ အလွတ်ပညာ သင်ကျောင်းမှ တစ်ဆင့် စိန်ဂျွန်းကျောင်းသို့ ပြောင်းရွေပညာ သင်ကြားခဲ့သည်။ လေးတန်းအရောက် မိဘနှစ်ပါးကွယ်လွန် သွားသဖြင့် ကျောင်းဆက် မတက်နိုင်တော့ဘဲ ကော့မူးရွာသို့ပြန်ခဲ့ရသည်။ ရွာတွင် ဘုန်းကြီးဦးဩသဓကျောင်း၌ သင်္ကန်းဝတ်၍ ပရိယတ္တိစာဝါတက်ခဲ့သည်။ အသက်(၁၈) နှစ်အရွယ်တွင်လူထွက်၍ ရန်ကုန်မြို့ အစိုးရရုံးတွင် စာရေးကြီးလုပ်ရာမှ ဒီးဒုတ်ဦးဘချို၏ အစီအမံဖြင့် ဘားမားရီဗျူးဂျာနယ် တွင် စာပြင်ဆရာအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ၎င်းမှ ဂီတလောကသို့ရောက်ရှိလာပြီးမူလ အချစ်သီချင်းများမှ အမျိုးသားရေး သီချင်းများကို စာတင်ရလောက်အောင် ရေးဖွဲ့ခဲ့သည့် အပြင် စင်တင် ပြဇတ်လောကတွင်လည်း ပြဇာတ်ဝိဇ္ဇာ ဟူသောဘွဲ့ ရရှိလောက်အောင် ထူးချွန်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ နိုင်ငံတော်က အလင်္ကာကျော်စွာဘွဲ့ချီးမြှင့်ခြင်းခံရသည်။ ၁၉၇၆ ခုနှစ်၊ဧပြီလ(၂) ရက် အသက်(၇၃)နှစ်အရွယ်တွင် ကွယ်လွန်သည်။

ရည်ညွှန်းကိုးကားပြင်ဆင်