တစ်ခါလာ မဲပြာပုဆိုး
တခါလာ မဲပြာပုဆိုး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်တစ်ခါဝတ်လာလျှင်လည်း မဲပြာပုဆိုး နောက်တစ်ခါ ဝတ်လာလျှင်လည်း မဲပြာပုဆိုးသာ ဖြစ်သကဲ့သို့ ပြုမူပြောဆိုဖြစ်ပျက်သမျှသည် ထူးခြားဆန်းသစ်မှုမရှိဘဲ ထပ်တလဲလဲ ဖြစ်နေသည်။ [၁]
မူလရင်းမြစ်
ပြင်ဆင်ရန်- "တစ်ခါလာလည်း မဲပြာပုဆိုးဆိုတဲ့ စကားမျိုးလို တစ်ခါလာလည်း သည်လိုဘဝမျိုး၊ တစ်ခါလာလည်း သည်လို ကာမဂုဏ်မျိုး၊ တစ်ဆင့်တိုးပြီး အကျိုးထူးတယ်လို့ မရှိတော့ဘူး။ [၁၂၈၆] သောတ၊ တ။ ၁၃၅။
- "တစ်ခါလာ မဲပြာပုဆိုး ဆိုသလို အသစ်အဆန်းမပါ၊ အပ်ကြောင်းထပ်ခဲ့ကြသည်ချည်းတည်း။" [၁၃၃၃] သွေး၊ ၃၀၃။ ၈၉။