တစ်ခါသေဖူး ပျဉ်ဖိုးနားလည်

တစ်ခါသေဖူး ပျဉ်ဖိုးနားလည် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

နာရေးကိစ္စကို တစ်ခါတွေ့ကြုံရဖူးမှ ပျဉ်ဖိုးနားလည်သည် ဆိုသကဲ့သို့ ဆုံးရှုံးနစ်နာမှုကို ကိုယ်တွေ့ကြုံဖူးမှ အကြောင်းသိနားလည်သွားသည်။ [၁]

မူလရင်းမြစ် ပြင်ဆင်ရန်

  • "သူတို့ ညီအစ်ကိုသုံးယောက်က တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဆိုတာလို ရှေးကလို စိတ်ဝမ်းမကွဲတော့ဘဲ ကျောချင်းကပ်ပြီး ညီညွတ်ထားကြတော့ ရန်သူတွေ ဘယ်မှာ ရန်မူဝံ့တော့မလဲ။" [၁၃၁၅] စာဗိမာန်၊ ၂၁၇။ ၁၁။

ကျမ်းကိုး ပြင်ဆင်ရန်

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၉၂။