တစ်တိတစ်တိနှင့် ငါးပိကျီးချီ

တစ်တိတစ်တိနှင့် ငါးပိကျီးချီ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

အလွန်ကြီးမားသော ငါးပိတုံးဖြစ်သော်လည်း ကျီးကန်းက တစ်တိတစ်တိနှင့် ချီဖန်များလတ်သော် ငါးပိတစ်တုံးလုံး ကုန်သွားရသကဲ့သို့ တစ်စတစ်စနှင့် လုံးပါးပါးသည်။ [၁]

မူလရင်းမြစ် ပြင်ဆင်ရန်

  • "တစ်တိတစ်တိနဲ့ ငါးပိကျီးချီသလို ဖြစ်နေလိမ့်မယ်။ မရွှေပုံရဲ့၊ အဖျားကို စောစောစီးစီးကမှ ပျောက်အောင် လုပ်မထားရင် ကြာလေ ဆိုးလေ ဖြစ်နေလို့ တော်တော်ကြာ အိပ်ရာထဲကတောင် ထနိုင်မှာ မဟုတ်တော့ဘူး။" [၁၃၁၅] ဤယမုန်။ ၃၀၆။

ကျမ်းကိုး ပြင်ဆင်ရန်

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၉၃။