တဆက်တည်းဖြစ်နေသော ဆစ်ဂနယ်များ

တဆက်တည်းဖြစ်နေသော ဆစ်ဂနယ်များ (Continuous Signal) သို့မဟုတ် အချိန်တဆက်တည်း ဖြစ်နေသော ဆစ်ဂနယ်များ (Continuous Time Signal) ဆိုသည်မှာ အချိန်နှင့် တပြေးညီ ပြောင်းလဲနေသော ဆစ်ဂနယ်များကို ခေါ်ဆိုခြင်း ဖြစ်သည်။ ထိုသို့သော ဆစ်ဂနယ်များကို ဂရပ်ဖြင့် ဖော်ပြရာတွင် အိတ်စ် ဝင်ရိုးတွင် အချိန် ကို ဖော်ပြပြီး ဝိုင်ဝင်ရိုးတွင် ဆစ်ဂနယ်၏ ပမာဏ အနည်းအများ (Amplitude) ကို ဖော်ပြလေ့ ရှိသည်။ ပုံမှန်အားဖြင့် သဘာဝအတိုင်း ဖြစ်ပေါ်နေသော အသံ၊ အပူချိန် စသည်တို့ကို ဆစ်ဂနယ် အဖြစ် ပြောင်းလဲလျှင် ပထမဆုံး အနေဖြင့် တဆက်တည်းဖြစ်နေသော ဆစ်ဂနယ်များ အဖြစ် ရရှိလေ့ ရှိသည်။ သင်္ချာကိန်းဖြင့် ဥပမာ ပြရလျှင် ဆိုင်းဖန်ရှင် (Sine Function) နှင့် ကိုဆိုင်း ဖန်ရှန် (Cosine Function) စသည်တို့သည် တဆက်တည်းဖြစ်နေသော ဆစ်ဂနယ်များ ဖြစ်ကြသည်။

တဆက်တည်း ဖြစ်နေသော ဆစ်ဂနယ်များ