(၂)သုတ် ရှိပါသည်။

[၁] တဏှက္ခယမဂ္ဂ၊ တဏှက္ခယပဋိပဒါသည် ဗောဇ္ဈင်(၇)ပါးဖြစ်သည်။ ဗောဇ္ဈင် (၇)ပါးကို အဘယ်သို့ပွားများလျှင် အဘယ်သို့ ကြိမ်ဖန်များစွာ အလေ့အလာပြုလျှင် တဏှာကုန်ခြင်းငှါ ဖြစ်ပါသနည်းဟု ဥဒါယီထေရ်က မေးလျှောက်သဖြင့် ဗောဇ္ဈင် (၇)ပါးကို ဝိဝေကနိဿိတ၊ ဝိရာဂနိဿိတ၊ နိရောဓနိဿိတ၊ ဝေါဿဂ္ဂပရိဏာမီ၊ ဝိပုလ၊ မဟဂ္ဂတ၊ အပ္ပမာဏ၊ အဗျာပဇ္ဇ ဖြစ်အောင်ပွားများသော ယောဂီသည် တဏှာကို ပယ်နိုင်၏။ တဏှာကို ပယ်နိုင်ခြင်းကြောင့် (တဏှာကြောင့်ဖြစ်သော) ကံကို ပယ်နိုင်၏။ ကံကိုပယ်နိုင်ခြင်းကြောင့် (ဝဋ်)ဆင်းရဲကို ပယ်နိုင်၏ဟု ဗောဇ္ဈင်တစ်ပါးစီ တစ်ပါးစီ ပွားများပုံကို ဟောကြားတော်မူပြီး တဏှာကုန်ခြင်းကြောင့် ကံကုန်၏။ ကံကုန် ခြင်းကြောင့် (ဝဋ်)ဆင်းရဲကုန်၏ဟု အရှင်ဥဒါယီထေရ်အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။


[၂] သတိပဋ္ဌာန်လေးပါးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ အလေ့အလာပြုအပ် သည်ရှိသော် တဏှာကုန်ခမ်းခြင်းငှါ ဖြစ်ကုန်၏ဟု သတိပဋ္ဌာန်တစ်ပါးစီ တစ်ပါးစီ ပွားများပုံကို အရှင်အနုရုဒ္ဓါက ရဟန်းတို့အား ဟောကြားတော်မူသည့်သုတ်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၃၊၇၇-၈။ သံ၊မြန်၊၃၊၈၂။ သံ၊ဋ္ဌ၊၃၊၁၈၆။ သံ၊ဋီ၊၂၊၄၂၆။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၂-ဗောဇ္ဈင်္ဂသံယုတ္တ၊ ၃-ဥပါလိဝဂ္ဂ၊ ဆဋ္ဌသုတ်။
  2. -သံ၊၃၊၂၆၂။ သံ၊မြန်၊၃၊၂၆၄။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၈-အနုရုဒ္ဓသံယုတ္တ၊ ၁-ရဟောဂတဝဂ္ဂ၊ သတ္တမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ