ရှင်ဝရ (တတိယကျော်အောင်စံထားဆရာတော်)

(တတိယကျော်အောင်စံထားဆရာတော် မှ ပြန်ညွှန်းထားသည်)

ရှင်ဝရ (၁၁၂၅ - ၁၃၀၈) သည် တတိယကျော်အောင်စံထားဆရာတော် ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၁၂၅ ခုနှစ်တွင် အင်းဝမြို့ အနောက်တောင်ယွန်းရှိ ငစင်ရိုင်းရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ပေါ် ဖြစ်သည်။

“ရှငင်ဝရ” ဟူသည့်ဘွဲ့ဖြင့် ရှင်သာမဏေ ဝတ်ခဲ့သည်။ ထို့နောက်တွင် လူဝတ်လဲကာ တရားဓမ္မများ ဟောပြောခဲ့သည်။ ထို့နောက်တွင် အမယ်နီနှင့် အိမ်ထောင်ပြုခဲ့သည်။

ထို့နောက်တွင် မြို့တော်အနောက်ဘက် ဂူကြီးဘုရားစောင်းတန်းတောက်ဖက်တွင် မြေတိုင်းအတွင်းဝန်မင်း ကုသိုလ်တော်ဘုရားကြီး ရေစက်ချပွဲ၌ မြေတိုင်းဝန်ကို ဒါယကာပြုကာ ရဟန်းဝတ်ခဲ့သည်။

ရတနပုရစတုတ္ထမြို့တည် မင်းတရားကြီးလက်ထက်တွင် တောင်ပလူကုန်းမဲထီးကျောင်းတိုက်တွ် သီတင်းသုံးခဲ့သည်။ ရွာပုမင်းသမီးသည် ဆက်လက်ကာ ကိုးကွယ်ခဲ့သည်။

ဆရာတော်သည်ဝရသမ္ဗောဓိသီရိသဒ္ဓမ္မရာဇဂုရုတံဆိပ်ကို ရရှိခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၂၀၈ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၅၆။