ရှင်ကဝိန္ဒ
ရှင်ကဝိန္ဒ (၁၁၁၅ − ၁၁၈၃) သည် ညောင်ကန်ဆရာတော်ဟု ထင်ရှားသည့် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။[၁]
ဘဝ
ပြင်ဆင်ရန်ဆရာတော်ကို ၁၁၁၅ ခုနှစ်တွင် ဗဒုံမြို့နယ်၊ ညောင်ကန်ရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်ဦးရောင်ဖြစ်သည်။ ဆရာတော်ကို ဘိုးတော်ဘုရား၏ မြောက်နန်းမိဖုရား (အိမ်ရှေ့ဥပရာမယ်တော်) လှူဒါန်းသည့် မင်္ဂလာဘုံကျော်ကျောင်းတွင် သီတင်သုံးခဲ့သည်။ ဇာတိကို အစွဲပြု၍ ညောင်ကန်ဆရာတော်ဟု ထင်ရှားသည်။ ဆရာတော်သည် ကျမ်းဂန်တတ်သဖြင့် ထင်ရှားသေည်။
ဆရာတော်သည် ကဝိန္ဒာဘိဝံသ သီရိသဒ္ဓမ္မဓဇမဟာဓမ္မရာဇဂုရု တံဆိပ်တော် ရခဲ့သည်။[၁]
ပျံလွန်တော်မူခြင်း
ပြင်ဆင်ရန်ဆရာတော်သည် ၁၁၈၃ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]
ပြုစုခဲ့သည့် ကျမ်းများ
ပြင်ဆင်ရန်ဆရာတော် ပြုစုခဲ့သည့် ကျမ်များမှာ အောက်ပါတို့ ဖြစ်သည် −
၁။ ပဏ္ဏာသနိပါတ်ဇာတ်အဋ္ဌကထာ၊
၂။ စတ္တာလီသနိပါတ်ဇာတ်အဋ္ဌကထာနိသျ၊
၃။ မင်္ဂလတ္ထဒီပနီစကားပြေ၊
၄။ ဝံသမာလာကျမ်း၊
၅။ သင်္ချာပကာသက − စာကိုယ်နိသျ၊[မှတ်စု ၁]
၆။ ဗြို့ဟဇ်ကျမ်းရင်းကြီးပါဌ်နိသျ ၇ တွဲ၊
၇။ မဟာဝင်အဋ္ဌကထာနိသျ၊
၈။ ငါးရာ့ငါးဆယ် နိပါတ်ဝတ္ထု စကားပြေကျမ်း၊
၉။ သတိပဋ္ဌါန်နိသျ၊
၁၀။ ရာဇမတ္တဏ်နိသျ။[၁]
မှတ်စု
ပြင်ဆင်ရန်- ↑ သင်္ချာပကာသကနိသျကို ပဉ္စမညောင်ကန်ဆရာတော် ရှင်မုနိန္ဒသာရ စီရင်သည်ဟုလည်း မှတ်သားကြသည်။