ရှင်အရိယ (၁၂၄၈ - ၁၃၁၄) သည် “တတိယညောင်လေးပင်ဆရာတော်” ဟု သိကြသည့် ကျမ်းပြုဆရာတော် ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၂၄၈ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်နေ့တွင် ညောင်လေးပင်မြို့၊ ပုဇွန်မြောင်းအရပ်၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ကျောင်းဆရာကြီး ဆရာခေါင် - ဒေါ်ဒေါ်ခက် ဖြစ်သည်။

ငယ်စဉ်ကပင် ညောင်လေးပင်တောရ ပထမဆရာတော်ကြီးထံတွင် “ရှင်အရိယ” ဟူသည့် ဘွဲ့ဖြင့် သာမဏေဝတ်ခဲ့သည်။ စာပေလေ့လာဆည်းပူးခဲ့ပြီး အရွယ်ရောက်သည့်အခါ “ရှင်အရိယ” ဟူသည့် ဘွဲ့ဖြင့်ပင် ရဟန်းပြုခဲ့သည်။ ဥပစ္ဈာယ်ဆရာမှာ တောရဘုန်းတော်ကြီး ရှင်သီလ ဖြစ်သည်။

ဒုတိယညောင်လေးပင်တောရဆရာတော် ရှင်ဉေယျထံတွင် ပိဋကတ်ကျမ်းသင်ကြား၌ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံရာမ ဆရာတော်ကြီးထံတွင်လည်း ပညာများ ဆက်လက်ကာ သင်ကြားခဲ့သည်။

ဆရာတော်သည် “ပရိယတ္တိသာသနာဟိတဓမ္မာစရိယဘွဲ့တံဆိပ်” နှင့် “အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်များ” ကို ရခဲ့သည်။ ဆဋ္ဌသံဂါယနာ ဩဝါဒစရိယဆရာတော်အဖြစ်ဖြင့်လည်း တင်မြှောက်ခြင်း ခံခဲ့ရသည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၃၁၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ကျမ်းများပြုစုခြင်း ပြင်ဆင်ရန်

ဆရာတော်သည် အောက်ပါကျမ်များကို ပြုစုတော်မူခဲ့သည်။

၁။ ဓမ္မပဒဘာသာပြန်၊

၂။ ကထိန်အရသာ၊

၃။ ဓမ္မစကြာအရသာ၊

၄။ ဘာဝနာအရသာ၊

၅။ သတိပဋ္ဌာန်အရသာ၊

၆။ ရှင်သာမဏေဝိနည်း၊

၇။ ဦးသီလထေရုပ္ပတ္တိ၊

၈။ ဂုဏ်တော်အရသာနှင့် လက္ခဏာအရသာ၊

၉။ ပဋိစ္စသမုပ္ပါဒ်အခြေပြု၊

၁၀။ ပဋိစ္စသမုပ္ပါဒ်အရသာ၊

၁၁။ ဒွေမာတိကာအရသာ၊

၁၂။ ဥပါသကာလက်သုံး၊

၁၃။ ကဆုန်လပြည့်အရသာ၊

၁၄။ ဝိသုဒ္ဓိမဂ်အရသာ၊

၁၅။ သင်္ဂြိုဟ်အရသာ၊

၁၆။ ကမ္မဝါကံဆောင် အခဏ်း ၂၀၊

၁၇။ သိဿကောဝါဒစကားပုံ၊

၁၈။ ဆန်းအရသာနှင့် ဆန္ဒောမဉ္စရီအရသာ၊

၁၉။ ဝိနည်းငါးကျမ်းဘာသာပြန်နှင့် ဝိနည်းငါးကျမ်းအရသာ။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၆၈၊ ၁၆၉။