ရှင်အာစရန္တ (၁၁၆၁ - ၁၂၁+) သည် “မိုးထိဆရာတော်” ဟု ထင်ရှားခဲ့သည့် ဆရာတော် ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၁၆၁ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက်နေ့တွင် ပင်းမြို့၊ ဆတ်ချိုရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ “မောင်ပြောင်” ဖြစ်သည်။ မိဘနှစ်ပါးမှာ မောင်အိနှင့် ရှင်စိန်တို့ ဖြစ်သည်။

ရှင်သာမဏေဝတ်သည့်အခါ “ရှင်အာစာရ” ဟူသည့် ဘွဲ့ကို ယူခဲ့သည်။ ရဟန်းအဖြစ်သို့ ရောက်သည့်အခါတွင် “ရှင်အာစရန္တ” ဟူသည့် ဘွဲ့ကို ယူခဲ့သည်။ ဆရာတော်သည် အင်းဝမြို့တော်တွင် လောကသယမ္ဘူဘရားရှေ့ သဲအင်းကျောင်းတိုက် သဲအင်းဆရာတော်ထံတွင် ပညာများ သင်ကြားခဲ့သည်။

အမရပူရမြို့သို့ ရောက်သည့်အခါ မြို့တော်အရှေ့တောင်ရှိ မိုးထိတိုက်တွင် ငွေခွန်ဝန် မောင်မှုံက ကျောင်းဆောက်လုပ်ကာ လှူဒါန်းခဲ့သည်။ ထို့နောက်တွင် ပုသိမ်မြို့၊ ကန္တီမြို့စား မင်းသမီးက ကိုးကွယ်ခဲ့ကာ ဘုံဝေသာယန်မိုးထိကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့သည်။

ဆရာတော်သည် “အာစာရန္တသီရိဓဇ မဟာဓမ္မရာဇဂုရု” တံဆိပ်တော်ကို ရခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၂၁၃ ခုနှစ်နောက်တွင်မှ ကိုးကွယ်ခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၈၆။