တတိယ မောင်းထောင်ဆရာတော်
(တတိယမောင်းထောင် ဆရာတော် မှ ပြန်ညွှန်းထားသည်)
တတိယမောင်းထောင် ဆရာတော် (မြန်မာ ၁၁၇၇ - ၁၂၃ဝ) သည် အလုံမြို့၊ မောင်းထောင်ကြီးရွာ၌ သက္ကရာဇ် ၁၁၇၇ ခုနှစ် ဝါဆိုလဆန်း ၈ ရက်၊ ကြာသပတေးနေ့တွင် ဖွားမြင်သည်။ ငယ်မည် ဦးသော်၊ ဘွဲ့ရှင်ပညာသာမိ ဖြစ်သည်။ ဒုတိယ မောင်းထောင် သာသနာပိုင်ဆရာတော်၏ တပည့်ဖြစ်သည်။ မင်းတုန်းမင်း လက်ထက် သက္ကရာဇ် ၁၂၁၇ ခုနှစ်တွင် ပညာသာမိသိရိ ကဝိဓဇ မဟာဓမ္မ ရာဇာဓိရာဇဂုရု တံဆိပ်တော်ရသည်။ မန္တလေးမြို့ [[အရှေ့ပြင် မင်္ဂလာရာမ ခေါ်သော မောင်းထောင်တိုက်၌ သက်တော် ၅၃ နှစ် သက္ကရာဇ် ၁၂၃ဝ ပြည့်နှစ် တပို့တွဲလတွင် ပျံလွန်တော်မူသည်။
ပြုစုတော်မူခဲ့သော ကျမ်းများ
ပြင်ဆင်ရန်- ကုသဇာတ်စကားပြေ (သာမဏေ ဘဝက ရေးသည်ဟူသတတ်)။
- ကံ ဒွါရ အဆုံး အဖြတ်။
- ဇာတ်ဋီကာသစ်ပါဌ်။
- ဒေါသကထာကျမ်း။
- နဝဗုဒ္ဓပူဇနကျမ်း။
- နာဂရာဇုပ္ပတ္တိကထာပါဌ်။
- နိရယ ကထာ ဒီပကကျမ်း။
- ပေါရာဏာကထာ ၆၂ ဂါထာပါဌ် နိသျ။
- မောင်းထောင်ဆရာတော်ဖြတ်ထုံး။
- ရာဇသေဝကဒီပနီကျမ်း။
- သာသနဝံသပ္ပဒီပိကာပါဌ်။
- သီလကထာ ကျမ်း။
- သဒ္ဒနီတိ ဋီကာသစ်ပါဌ်။
- သဒ္ဒတ္ထဘေဒစိန္တာဂဏ္ဌိကျမ်း။
- အဘိဓာန်ဋီကာ နိသျသစ်။
- အာပတ္တိ ဝိနိစ္ဆယ။
- ဥပါယကထာကျမ်း။
- ဥပေါသထ ဝိနိစ္ဆယကျမ်း။
- အက္ခရဝိသောဓနီကျမ်းတို့ ဖြစ်သည်။
(ဤမောင်းထောင် ဆရာတော်များ အကြောင်းကို ရေးရာ၌ −
- (၁) ၁၁၉၃ ခုနှစ်၊ မင်းတိုင်ပင်အမတ် မဟာဓမ္မသင်္ကြန် ပြုစုသော သာသနာလင်္ကာရ စာတမ်း၊
- (၂) ၁၂၁၃ ခုနှစ်၊ မင်းလှသီရိသီဟသူ ပြုစုသော ဆရာတော်များ ဦးရေစာရင်း၊
- (၃) ၁၂၄၈ ခုနှစ်၊ မိုင်းခိုင်းမြို့စားအတွင်းဝန် ပိဋကတ်တော်အုပ် ဦးရန် ပြုစုသော ပိဋကတ် သမိုင်း စာတမ်းတို့ကို အရင်းခံ မှီငြမ်းပြု၍ ရေးသားပါသည်။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး၊ ဟင်္သာတမြို့ မြစ်ကွေးဆရာတော် ဦးပညာဝံသ၏ မှတ်စုများ၊ ဟင်္သာတမြို့ သပြေပင်ဆရာတော် ပြုစုသော သာသနဝံသ ဒီပနီတို့နှင့်လည်း ညှိနှိုင်းတိုက်ဆိုင်ပါသည်။)[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)