ပါနီယထာလကသိက္ခာပုဒ် (သုရုသုရုဝဂ်)

[ဘဂ္ဂဘိုင်း, သံသုမာရဂိရိမြို့၌ ပညတ်တော်မူသည်။]

ပေသောလက်ဖြင့် သောက်ရေခွက်ကို ကိုင်မှု ပြင်ဆင်ရန်

ရဟန်းတို့သည် ကောကနပြာသာဒ်ဝယ် ဆွမ်းဘုဉ်းပေးကြပြီးနောက် ဆွမ်းစသည်ပေနေသော လက်ဖြင့် ရေသောက်ခွက်ကို ကိုင်ကြကုန်၏။ (ထိုသို့ကိုင်ခြင်းကြောင့် နောက်ပုဂ္ဂိုလ်များ ထိုခွက်ဖြင့် ရေမသောက်ချင်စရာ ဖြစ်သွား၏၊) ထို့ကြောင့် လူတို့ကဲ့ရဲ့ရကား—[၁]

“န သာမိသေန ဟတ္ထေန ပါနီယထာလကံ ပဋိဂ္ဂဟေဿာမီကိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန် ပြင်ဆင်ရန်

ဆွမ်း-ဟင်းများကို “အာမိသ”ဟု ခေါ်၏၊ “ထိုအာမိသ ပေနေသော လက်ဖြင့် သောက်ရေခွက်ကို မကိုင်အံ့” ဟု အလေ့ အကျင့်ကိုပြုရမည်။

ဤသိက္ခာပုဒ်တော်အရ ဆွမ်းစားပြီးလျှင် မပေသော ဘယ်လက်ဖြင့် သောက်ရေခွက်ကို ကိုင်လေ့ပြုကြသည်၊ “သောက်ရေခွက်ကိုသာ မကိုင်ရ” ဟု ပညတ်သောကြောင့် ဆေးရေခွက်ကိုကား ကိုင်ကောင်း၏-ဟု မှတ်၊ သောက်ရေခွက်ကိုလည်း “ကိုင်ပြီးနောက်, ဆေးမည်, သို့မဟုတ် အဆေး ခိုင်းမည်ဟု ရည်ရွယ်၍ ကိုင်လျှင် အာပတ်မသင့်။

ကိုးကား ပြင်ဆင်ရန်

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး