တတုတ္တရိသိက္ခာပုဒ်သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်၏။[]

မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် ဆဗ္ဗဂီရဟန်းတို့သည် “မြတ်စွာဘုရားသည် သင်္ကန်းအလုခံရသော၊ ပျောက်သော ရဟန်းအား အမျိုးမတော်စပ်သူထံမှ သင်္ကန်းတောင်းခြင်းကို ခွင့်ပြုတော်မူ၏။ ငါတို့သည် သင်္ကန်းကို တောင်းကြကုန်လော” ဟု ဆိုကာ တောင်းကုန်၏။ ထိုအခါ လူတစ်ယောက်သည် အစည်းအဝေးပြုရာ နေရာတွင် ထိုင်နေ၏။ ထိုသူက အခြားသူတစ်ယောက်ကို “ခိုးသူ အလုခံရသော ရဟန်းတို့သည် လာကုန်၏၊ အကျွန်ုပ်သည် သင်္ကန်းလှူပြီးပြီ” ဟု ဆို၏။ ထိုအခါ အပြောခံရသူလည်း “မိမိလည်း လှူပြီးကြောင်း” ဆို၏။ ထိုအခါ လူတို့သည် အဘယ်ကြောင့် ရဟန်းတို့သည် အတိုင်းအရှည်မသိဘဲ သင်္ကန်းကို တောင်းကုန်ဘိသနည်းဟု ဆိုကာ ကဲ့ရဲ့ကုန်၏။

ထိုအကြောင်းသည် အလိုနည်းသော ရဟန်းတို့ထံ ရောက်သွား၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ်ကြောင့် ဆဗ္ဗဂီရဟန်းတို့သည် အဘယ်ကြောင့် အတိုင်းအရှည်မသိဘဲ တောင်းကုန်ဘိကြသနည်း” ဟု ကဲ့ရဲ့၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထား၏။ မြတ်စွာဘုရားသည် ရဟန်းများအား “ဟုတ်မှန်ပါသလော” ဟု မေးမြန်း၏။ ထိုအခါ “ဟုတ်မှတ်ကြောင်း” လျှောက်ထား၏။

ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[]

သိက္ခာပုဒ်

ပြင်ဆင်ရန်

“ဆွေမျိုးမတော်စပ်သော အိမ်ရှင်သော်လည်းကောင်း၊ အိမ်ရှင်မသော်လည်းကောင်း များစွာသော သင်္ကန်းတို့ဖြင့် ရှေးရှူဆောင်၍ ဖိတ်ကြားငြားအံ့။ ထိုရဟန်းသည် ထိုဆောင်လာသော သင်္ကန်းမှ သင်းပိုင်နှင့်တကွ ဧကသီမျှသာဖြစ်သော သင်္ကန်းကိုသာ ခံယူရမည်။ ထိုထက်အလွန် သာယာ ‘ခံယူငြားအံ့’ ထိုရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏။)။[]

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်