(၂)သုတ် ရှိပါသည်။

[၁] ဘုရားအလောင်းတော် တုသိတာနတ်ပြည်မှ ဆင်းသက်၍ မယ်တော်မာယာ ဝမ်းကြာတိုက်၌ ပဋိသန္ဓေနေတော်မူရာအခါ၊ မီးရှူးသန့်စင် ဖွားမြင်တော်မူရာအခါ၊ သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရောက်တော်မူရာအခါ၊ ဓမ္မစကြာတရားတော် ဟောတော်မူ ရာအခါတို့၌ နတ်တို့၏အလင်းရောင်ထက် လွန်ကဲသောအလင်းရောင်ကြီး သတ္တလောက, ဩကာသလောက၌ ဖြစ်ပေါ်လာပါသည်။ လရောင်, နေရောင်တို့ မရောက် (မလင်း)နိုင်သော လောကန္တရိကငရဲသားများ အလင်းရောင်ရသည်အထိ လင်းလက်ပါသည်။ ဤထူးခြားချက်လေးမျိုး ဖြစ်ပေါ်လာခြင်းသည် အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓ ဂုဏ်ရှင် ဘုရားရှင်၏ အစ္ဆရိယ, အဗ္ဘုတလေးမျိုးဖြစ်ကြောင်း ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဒေဝါနံ ဒေဝါနုဘာဝ လောကန္တရိကနိရယအကြောင်းများ ဖွင့်ပြထားပါသည်။ ဋီကာအဖွင့်များလည်း ရှိပါသည်။


[၂] (၁) ကပ်ငြိတွယ်တာဖွယ် ကာမဂုဏ်ငါးပါး၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက် ဝမ်းမြောက်နေကြသော သတ္တဝါအပေါင်းအား မကပ်ငြိ မတွယ်တာကြောင်း “အနာလယဓမ္မ။

(၂) ထောင်လွှားမှု “မာန၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ဝမ်းမြောက်နေကြသော သတ္တဝါအပေါင်းအား မာနပယ်ဖျောက်ကြောင်း “မာနဝိနယဓမ္မ”။

(၃) မငြိမ်းချမ်းရာ တေဘူမိကဝဋ်တရား၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက် ဝမ်းမြောက်နေကြသော သတ္တဝါအပေါင်းအား ငြိမ်းချမ်းကြောင်း “ဩပသမိကဓမ္မ”။

(၄) အဝိဇ္ဇာဖြစ်နေသော ဥခွံသဖွယ် အဝိဇ္ဇာဖြင့် မြှေးယှက်အပ်သော သတ္တဝါ အပေါင်းအား အဝိဇ္ဇာပယ်ဖျောက်ကြောင်း အဝိဇ္ဇာဝိနယဓမ္မကို ဘုရားရှင်ဟောတော် မူအပ်သည်ရှိသော် ရိုသေလေးစားစွာ နားထောင်ကြ၏။ နားစွင့်ထောင်ကြ၏။ သိရှိနား လည်အောင်စိတ်ကို ဖြစ်စေ၏။ ဤသို့တရားတော်ကို လိုလိုလားလား နာယူခြင်း၊ သိအောင်စိတ်ကို ဖြစ်စေခြင်းသည် အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ပွင့်တော်မူခြင်း၏ အစ္ဆရိယ အဗ္ဘုတဓမ္မလေးမျိုးတို့ပေတည်းဟု ဘုရားရှင်, ရဟန်းတို့အား ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ပြချက်များ ရှိပါသည်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၁၊၄၄၆-၇။ အံ၊မြန်၊၁၊၄၅၉-၄၆၀။ အံ၊ဋ္ဌ၊၂၊၃၃၃-၄။ အံ၊ဋီ၊၂၊၃၃၁-၂။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ တတိယပဏ္ဏာသက၊ (၁၃)၃-ဘယဝဂ္ဂ၊ သတ္တမသုတ်။
  2. -အံ၊၁၊၄၄၇-၈။ အံ၊မြန်၊၁၊၄၆၀-၁။ အံ၊ဋ္ဌ၊၂၊၃၃၄-၅။ အံ၊ဋီ၊၂၊၃၃၀-၁။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ တတိယပဏ္ဏာသက၊ (၁၃)၃-ဘယဝဂ္ဂ၊ အဋ္ဌမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ