တန်ပေး (/ˈtɛmpeɪ/; Javanese: ꦠꦺꦩ꧀ꦥꦺ, romanized: témpé, pronounced [tempe]) သည် ဂျာဗားရိုးရာ အစားအစာတစ်ခုဖြစ်ပြီး အချဉ်ဖောက်ထားသော ပဲပုပ်စေ့များမှ ပြုလုပ်ထားခြင်း ဖြစ်သည်။[၁] ပဲပုပ်စေ့များကို အတုံးသဏ္ဌာန် ချည်နှောင်၍ အချဉ်ဖောက်ခြင်းလုပ်ငန်းကို သဘာဝအတိုင်း ပြုလုပ်ထားသည်။[၂] Rhizopus oligosporus သို့မဟုတ် Rhizopus oryzae ဟုခေါ်သည့် မှိုတစ်မျိုးကို အသုံးပြု၍ အချဉ်ဖောက်ခြင်းဖြစ်ပြီး ထိုလုပ်ငန်းစဉ်ကို တန်ပေးစတင်ပြုလုပ်ခြင်းဟု ခေါ်သည်။

Tempeh
အင်ဒိုနီးရှားနိုင်၊ ဂျာကာတာမြို့ ဈေး၌တွေ့ရသော လတ်ဆက်သော တန်ပေး (ရိုးရာအတိုင်း တန်ပေးအား ငှက်ပျောရွက်တွင် ထုပ်ထားသည်။
အခြားအမည်များTempe
မူရင်းနိုင်ငံအင်ဒိုနီးရှားနိုင်ငံ[၁]
ဒေသအလယ်ဂျာဗားပြည်နယ်
အရှေ့ဂျာဗားပြည်နယ်
ယောယာကားတား အထူးဒေသ
အဓိက ပါဝင်ပစ္စည်းပဲပုပ်
Cookbook: Tempeh  Media: Tempeh


အထူးသဖြင့် ဂျာဗားကျွန်းတွင် ပရိုတိန်းဓာတ်ကြွယ်ဝသော အဓိကအစားအစာအဖြစ် ကျော်ကြားသည်။ တို့ဟူးကဲ့သို့ပင် တန်ပေးကို ပဲပုပ်မှ ပြုလုပ်သော်လည်း မတူညီသော အာဟာရလက္ခဏာနှင့် ဖွဲ့စည်းပုံများရှိသည့် ပဲပုပ်ထုတ်ကုန်တစ်ခုဖြစ်သည်။ တန်ပေးအချဉ်ဖောက်ခြင်းလုပ်ငန်းစဉ်နှင့် ပဲစေ့များအား ထိန်းသိမ်းခြင်းတို့သည် ပရိုတိန်းပါဝင်မှု၊ အမျှင်ဓာတ်နှင့် ဗီတာမင်ပါဝင်မှုတို့ မြင့်မားသည်။ ၎င်း၏ ခိုင်မြဲသော ဖွဲ့စည်းပုံနှင့် မြေဓာတ်ပါသောအရသာတို့သည် သက်တမ်းကြာလာသည်နှင့်အမျှ သိသာလာသည်။[၃][၄]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ History of Tempeh။ 2018-09-16 တွင် ပြန်စစ်ပြီး။
  2. Tempeh
  3. Bennett၊ Beverly Lynn; Sammartano, Ray (2008)။ The Complete Idiot's Guide to Vegan Cooking။ Penguin။ p. 17။ ISBN 97815925777056 May 2011 တွင် ပြန်စစ်ပြီး
  4. Dragonwagon၊ Crescent; Gourley, Robbin (2002)။ Passionate Vegetarian။ Workman Publishing။ p. 639ISBN 97815630571136 May 2011 တွင် ပြန်စစ်ပြီး