တာပိန်မြစ် နှင့် မရောထွေးပါနှင့်။

တပိန်မြစ် သည် မြန်မာနိုင်ငံမြောက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ဘက်ရှိ မြစ်တစ်စင်း ဖြစ်သည်။

ဖော်ပြချက် ပြင်ဆင်ရန်

တပိန်မြစ်သည် ဧရာဝတီမြစ်၏ မြစ်လက်တက်တစ်ခု ဖြစ်သည်။ ၎င်းသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၏ တောင်ထူထပ်သည့် ဒေသများမှ မြစ်ဖျားခံ စီးဆင်းသည်။[၁]

တရုတ်နိုင်ငံ၊ ယူနန်ပြည် အနောက်တောင်ဘက်ပိုင်း Xinchengxiang ရှိ မြစ်နှစ်စင်းဖြစ်သည့် ဘင်းလန့်မြစ် (Binglang ) နှင့် နန္ဒီမြစ် (Nandi) တွေ့ဆုံကာ ဖြစ်တည်လာသည်။[၂] မြစ်၏ အရှည်သည် ၁၁၇ ကီလိုမီတာ ရှိသည်။[၃]

ဆည် ပြင်ဆင်ရန်

ဤမြစ်တွင် တရုတ်ဒတန့်ကုမ္ပဏီနှင့် မြန်မာအစိုးရတို့ လုပ်ကိုင်နေသည့် ဆည်နှစ်ခု ရှိသည်။ ၎င်းတို့သည် တရုတ်နိုင်ငံနယ်နိမိတ်နှင့် နီးကပ်စွာ တည်ရှိသည်။ [၄][၅] ဤစီမံကိန်းသည် မြစ်၏ ရေစီးကြောင်းမှတစ်ဆင့် လျှပ်စစ်ထုတ်ယူနိုင်ရန် ဖြစ်သည်။ ဆည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ရေလှောင်ကန်အတွက် ရွာတွင် နေထိုင်သူများသည် အခြားနေရာအသစ်များသို့ ရွှေ့ပြောင်းခဲ့ရသည်။[၆] လျှပ်စစ်မီးကို မြန်မာနိုင်ငံတွင် ထုတ်လုပ်သည်ဆိုသော်လည်း ၂၀၁၀ ခုနှစ် ဇွန်လမှ ၂၀၁၁ ခုနှစ်အထိ ထုတ်လုပ်ခဲ့သည့် စွမ်းအင် 513 kilowatt hours ၏ အများစုကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင်အသုံးပြုရန် ရောင်းချခဲ့သည်။[၇]

ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဘောင်အဖွဲ့သည် နယ်သာလန်နှင့် တရုတ်နိုင်ငံအကြား ၂၀၁၀ ခုနှစ်တွင် ဒါပိန်မြစ်ပေါ်တွင် ရေစွမ်းအင်သုံးသန့်စင်ရေးစနစ်တစ်ခုအတွက် ထောက်ခံခဲ့သည်။

ဆည်အမှတ် (၁) ပြင်ဆင်ရန်

ဤပထမဆည်သည် ခန့်မှန်းခြေအမြင့် ၈၃.၅ မီတာ ရှိသည်။ ၎င်းသည် ၂၄၀ မီဂါဝက်ပါဝါကို ထိန်းသိမ်းနိုင်စွမ်း ရှိသည်။ နှစ်ပတ်လည် လျှပ်စစ်ထုတ်လုပ်မှုသည် ၁၀၆၅ ဂီဂါဝက်နာရီ ရှိသည်။ ဤပထမဆုံးဆည် တည်ဆောက်မှုသည် ရေလှောင်ကန်နှင့်အတူ ၂၀၀၅ ခုနှစ်တွင် ပြီးစီးခဲ့သည်။

ဆည်အမှတ် (၂) ပြင်ဆင်ရန်

ဒုတိယမြောက်ဆည်သည် ပထမဆည်မှ ၅၀ကီလိုမီတာ အကွာတွင် တည်ရှိသည်။ လျှပ်စစ်မီတာ ၁၆၅ မီဂါဝက်ကို ထိန်းသိမ်းထားနိုင်သည်။ နှစ်ပတ်လည် လျှပ်စစ်ထုတ်လုပ်နိုင်မှုသည် ၇၇၅ ဂီဂါဝက်နာရီ ရှိသည်။ ကြီးမားသည့် ရေလှောင်ကန်ပါဝင်သည့် ဤဒုတိယဆည် တည်ဆောက်မှုသည် ၂၀၀၆ခုနှစ်တွင် ပြီးစီးခဲ့သည်။

ဤဆည်နှစ်ခု တည်ဆောက်မှု ကုန်ကျစရိတ်သည် ယွမ် ၁၀၈ သန်း (၂၀၁၂ ခုနှစ်ကာလ $16,944,984) ကုန်ကျခဲ့သည်။ ထုတ်လုပ်မှု၏ အမေရိကန်ဒေါ်လာ ၉၀ ဖိုးကို တရုတ်ကုမ္ပဏီများသို့ ရောင်းချခဲ့ပြီး ကျန်ရှိသူများကို ပြည်သူများသို့ ပေးခဲ့သည်။[၈]

လုံခြုံရေး ပြင်ဆင်ရန်

ဤစီမံကိန်းသည် ပြဿနာများနှင့် ကြုံတွေ့ခဲ့ရသည်။ ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း (KIO) သည် ၁၇ နှစ်ကြာရပ်စဲထားသည့် အပစ်အခတ်ရပ်စဲမှုကို ချိုးဖောက်ခဲ့ကာ ဆည်တည်ဆောက်မှုများကို လက်လျှော့သွားအောင် လုပ်ဆောင်ခဲ့သည်။[၉]

ကိုးကား ပြင်ဆင်ရန်

  1. Shimomura၊ Y.; Ohashi၊ H. (2013-11-20)။ A Study of China's Foreign Aid: An Asian Perspective (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Springer။ ISBN 9781137323774
  2. Google Maps။ 2017-11-23 တွင် ပြန်စစ်ပြီး။
  3. Google Maps။ 2017-11-23 တွင် ပြန်စစ်ပြီး။
  4. "Dapein Dam Construction" (in en-gb)။ 
  5. 中国大唐集团海外投资有限公司။ 2017-11-21 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  6. 中国大唐集团海外投资有限公司။ 2017-11-21 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  7. Ku၊ Jung-Ho Bae, Jae H.; Korea)၊ Korea Institute for National Unification (South (2013-12-31)။ China's Internal and External Relations and Lessons for Korea and Asia (အင်္ဂလိပ်ဘာသာစကားဖြင့်)။ 길잡이미디어။ ISBN 9788984797420
  8. "Current development of major hydropower projects" (in en)၊ The Myanmar Times။ 13 June 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 13 June 2021။ 
  9. Fighting Erupts Over Chinese Hydropower Dams in Burma | ENS (in en-US)။ 9 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 June 2021 တွင် ပြန်စစ်ပြီး။