[၁] ဘုရားရှင် သဗ္ဗညုဘုရားရှင် ဖြစ်တော်မူပြီး သတ္တသတ္တာဟစံနေတော်မူစဉ် အဇပါလညောင်ပင်ရင်း၌ သီတင်းသုံးတော်မူနေစဉ် “ဒုက္ကရစရိယာအကျင့်ကို ကျင့်ခြင်းမှ ငါလွတ်မြောက်ခဲ့လေပြီ၊ အကျိုးမဲ့နှင့်စပ်သော ထိုဒုက္ကစရိယာအကျင့်မှ လွတ်မြောက်ခြင်းသည် ကောင်းလေစွတကား၊ ကိလေသာတို့မှ လွတ်မြောက်၍ သဗ္ဗညုတဉာဏ်ကို ရခြင်းသည် ကောင်းလေစွတကား”ဟု စိတ်အကြံအစည် ဖြစ်တော်မူနေသော ဘုရားရှင်အား မာရ်နတ်ရောက်လာပြီး သတ္တဝါတို့သည် ခေါင်းပါးသောအကျင့်မှ ဖဲခွာကြကုန်သောကြောင့် မစင်ကြယ်ကြကုန်။ သင်သည် မစင်ကြယ် ပါပဲလျက် စင်ကြယ်၏ဟု မှတ်ထင်ဘိ၏။ စင်ကြယ်သောခရီးမှ လွဲချော်နေလေပြီဟု ပြောဆိုရာ မာရ်နတ်မှန်းသိတော်မူသဖြင့် အနတ္ထသံဟိတံ ဉတွာ အစရှိသောနှစ်ဂါထာဖြင့် အတ္တကိလမထအကျင့်ကို စွန့်လွှတ်ခဲ့ပုံ၊ သီလ, သမာဓိ, ပညာကျင့်စဉ်ကြောင့် အရဟတ္တဖိုလ်သို့ ရောက်တော်မူခြင်းကြောင့် သင်ရှုံးပြီဟု မာရ်နတ်အား ဘုရားရှင် မိန့်တော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ သိမှတ်ဖွယ်များကို ဖွင့်ဆိုထားပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၁၀၄။ သံ၊မြန်၊၁၊၁၀၁။ သံ၊ဋ္ဌ၊၁၊၁၅၅-၆။ သံ၊ဋီ၊၁၊၂၀၁-၂။ -သံယုတ္တနိကာယ၊ ၄-မာရသံယုတ္တ၊ ပဌမဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ