တမန်သည်မြို့သည် မြန်မာနိုင်ငံ နာဂတောင်တန်းခရိုင်၊ ဟုမ္မလင်းခရိုင်ခွဲတွင် အပါအဝင် ဖြစ်သည်။ ယခင်က အထက် ချင်းတွင်းခရိုင် လေးခရိုင်ခွဲ၊ ဟုမ္မလင်းမြို့နယ်တွင် ရွာကြီး ၉ ရွာအပါအဝင် အခွန်တော်တိုက်နယ်တစ်ခုဖြစ်ခဲ့၏။ လွတ်လပ် ရေးရပြီးနောက်၊ တမန်သည်မြို့ကို နာဂတောင်တန်းခရိုင်ထဲတွင် ထားရှိသည်။ တမန်မြို့တွင် ပြည်သူ့ဆေးရုံတရုံရှိ၏။ ရှေးအခါ က တမန်သည်မြို့တွင် ထမန်းလူမျိုး စစ်စစ်များသာ နေထိုင် သည်ဟု ဆိုလေသည်။ ထိုထမန်းလူမျိုးသည် လူစင်စစ်မှ တမန်းကျားအဖြစ်သို့ ပြောင်းလဲနိုင်သည်ဟု ပြောစမှတ်ရှိလေ သည်။

၁၉၁၁ ခုနှစ် သန်ကောင်စာရင်းအရ တမန်သည်မြို့တွင် အိမ်ခြေ ၇၅ အိမ်မျှသာရှိ၍၊ လူဦးရေ ၄၂၆ ယောက်ခန့်သာ ရှိလေသည်။ ယခင်က တောင်တန်းဒေသကို အုပ်ချုပ်ရန် နယ်ခြားဝန်ထောက် ရုံးစိုက်ခဲ့သော မြို့ဖြစ်၏။ တမန်သည်မြို့မှ ကုန်ကူးသန်းသွားလာရန်အတွက် မြစ်ကြောင်းခရီးကို အသုံးပြု နိုင်လေသည်။ ထိုရေကြောင်းခရီးအပြင်၊ ဟုမ္မလင်းမြို့တစ်ဘက် ကမ်းအရောက် ဖောက်လုပ်ထားသော လမ်းတစ်ခုလည်းရှိသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)