တမ္ပဝတီ
မြန်မာနိုင်ငံ၊ ပုဂံမြို့၏ ရှေးခေတ်အမည်
တမ္ပဝတီ(ပုဂံ)
ပြင်ဆင်ရန်တမ္ပဝတီသည် တတိယပုဂံ မင်းဆက်များ နန်းတည်သွားသော နေရာဖြစ်သည်။ တမ္ပဝတီသည် ရွာစိုက်ရွာဟောင်း (မြောက်လတ္တီတွဒ် ၂၁°၉′၊ အရှေ့လောင်ဂျီတွဒ် ၉၄°၅၅′)နေရာ၌ တည်ခဲ့ခြင်း ဖြစ်သည်။ ပုဂံခေတ်နှောင်းကာလတွင် ယင်းအရပ်၌ မိဖုရားကြီးဖွားစော နေထိုင်ခဲ့ဘူးသည်ကို အကြောင်းပြု၍ ဖွားစောရွာဟု ခေါ်ဆိုကြသည်။ သိုက်တိုင်မင်း(၅၁၆-၅၂၃)လက်ထက်မှ ခဲလူးမင်း(၈၂၉-၈၄၆)အထိ စိုးစံခဲ့ကြသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ တင်နိုင်တိုး၏ ပုဂံစေတီပုထိုးများသမိုင်းနှင့် ခရီးသွားလမ်းညွှန်