တယ်လီဖုန်း အကြောက်လွန်ရောဂါ

တယ်လီဖုန်း အကြောက်လွန်ရောဂါ (တယ်လီဖုန်း ဖိုဘီးယား) ဆိုသည်မှာ ဖုန်းခေါ်ဆိုမှုပြုလုပ်ရန် သို့မဟုတ် ဖုန်းခေါ်ဆိုသည်ကိုလက်ခံရန် အလွန်တရာကြောက်ရွံ့ခြင်း၊ တစ်နည်းဆိုရသော် တယ်လီဖုန်းနှင့်ပတ်သက်ပြီး ကြောက်ရွံ့ခြင်း ဖြစ်သည်။ ၎င်းကို လူမှုရေးဆိုင်ရာ ကြောက်ရွံ့မှု အကျင့်လက္ခဏာတစ်ခုအဖြစ် သတ်မှတ်ကြသည်။ လူအများရှေ့ဟောပြောရန် အကြော့က်လွန်ခြင်းရောဂါ နှင့် နှိုင်းယှဉ်နိုင်ပြီး နှစ်ခုစလုံးမှာ တစ်ဖက်လူနှင့် ပြောဆိုဆက်ဆံရန် ကြောက်ရွံ့မှုချင်း တူကြသည်။ [၁]

ဖုန်းခေါ်ဆိုမှုကြောင့် ဖြစ်ရသော ကြောက်ရွံ့စိတ် သရုပ်ပြပုံ

တယ်လီဖုန်း ဖိုဘီယား ခံစားရသူများအတွက် အခြားသူနှင့် မျက်နှာချင်းဆိုင် စကားပြောနိင်သည်များ ရှိသော်လည်း တယ်လီဖုန်းဖြင့်ပြောဆိုရန်မူ အခက်အခဲကြုံတွေ့တတ်သည်။

အကြောင်းရင်းများ ပြင်ဆင်ရန်

ဖုန်းခေါ်ဆိုမှုများကို ကြောက်ရွံ့ခြင်းသည် ဖုန်းလက်ခံဖြေကြားရန် ကြောက်ရွံ့ခြင်းမှ ဖုန်းမြည်သံကိုကြောက်ရွံ့ခြင်းအထိ အစားစား ကွဲပြားနိုင်သည်။ အဆိုပါကြောက်ရွံ့ခြင်းမှ ဖုန်းခေါ်ဆိုလာသူသည် သတင်းဆိုးပြောဆိုရန် သို့မဟုတ် နောက်ပြောင်ခေါ်ဆိုမှုဖြစ်နိုင်သည် ဟူသော စိုးရိမ်စိတ်များ ဖြစ်ပေါ်စေတတ်သည်။ [၂]

ဖုန်းခေါ်ဆိုမှုပြုလုပ်ရန် ကြောက်ရွံ့ခြင်းသည် တစ်ဖက်လူ စိတ်အနှောင့်အယှက်ဖြစ်မည်ကို ကြောက်ရွံ့ပြီး ဖုန်းခေါ်ဆိုရန်သင့်လျော်သောအချိန်ကို ရှာဖွေခြင်းနှင့် သက်ဆိုင်နိုင်သည်။ အချို့ ဖိုဘီးယားရှိသူများအတွက် အလုပ်သဘောအရ လူအများအား ဖုန်းဆက်သွယ်ပြောဆိုရန်မှာ ပြဿနာတစ်ခုသဖွယ် ဖြစ်နေသည်။ [၂]

ဖုန်းခေါ်ဆိုမှုပြုလုပ်ရန် သို့မဟုတ် လက်ခံရရှိရန်အတွက် ဖုန်းကိုအသုံးပြုရန်ကြောက်ရွံ့နေသည်မှာ တစ်ဖက်လူမှ ကြားရမည့် အသံအရည်အသွေးညံ့ဖျင်းမည်ကို စိုးရိမ်ပူပန်ခြင်းနှင့် ဆက်စပ်မှုရှိနိုင်ပြီး၊ မိမိပြောကြားခဲ့သည်ကို နားမလည်နိုင်ခြင်း၊ နားလည်မှုလွဲမှားခြင်းဖြစ်စေနိုင်ခြင်း၊ ထိုသို့ဖြစ်မည်ကို တွေး၍ ထပ်ခါတလဲလဲရှင်းပြခြင်းရာမှ အဆင်မပြေသောစေ့စပ်ညှိနှိုင်းမှုပုံစံများ ဖြစ်လာတတ်သည်။ စိတ်ထိခိုက်စရာသတင်းများရရှိခြင်းသို့မဟုတ်မနှစ်မြို့ဖွယ်ကောင်းသောဒေါသတကြီးတုံ့ပြန်ခြင်းကဲ့သို့သောအတိတ်ကအတွေ့အကြုံများသည်ကြောက်ရွံ့ခြင်းကိုဖြစ်ပေါ်စေသည်။ [၂]

ရောဂါလက္ခဏာများ ပြင်ဆင်ရန်

တယ်လီဖုန်း အကြောက်လွန်ရောဂါရှိသူများထံ ဖုန်းခေါ်ဆိုလာခြင်း သို့မဟုတ် ၎င်းတို့ကို ဖုန်းခေါ်ဆိုမှုပြုလုပ်စေပါက လက်ဖဝါးတွင် ချွေးပြန်လာခြင်း၊ လျင်မြန်စွာ နှလုံးခုန်လာခြင်း၊ အသက်ရှုမဝခြင်း၊ ပျို့အန်ချင်လာခြင်း၊ နှုတ်ခမ်းခြောက်လာခြင်း၊ ကိုယ်လက်တုန်ခြင်း စသည်တို့ ဖြစ်ပေါ်လာတတ်သည်။ [၃] ၎င်းတို့အပြင် အသက်ရှူမမှန်ခြင်း၊ စိတ်အလွန်အကျွံဖိစီးခြင်း အထိပါ ဖြစ်တတ်သည်။

အကျိုးသက်ရောက်မှုများ ပြင်ဆင်ရန်

 
လုပ်ဖော်ကိုင်ဖက်များ၏ ဖုန်းပြောဆိုမှုများကို အလွယ်တကူကြားနိုင်သည့် ပွင့်လင်းမြင်သာသောရုံးများ

တယ်လီဖုန်းသည် အခြားသူများနှင့် ဆက်သွယ်ပြောဆိုရာတွင် အသုံးဝင်သည်ဖြစ်၍ လူမှုဘဝအတွင် အရေးကြီးသည်။ တယ်လီဖုန်း အကြောက်လွန်ရောဂါရှိခြင်း၏ ရလဒ်အနေဖြင့် လူတို့၏ ကိုယ်ပိုင်ဘ၀၊ လုပ်ငန်းခွင်များနှင့် လူမှုဆက်ဆံရေးတို့ထံ စိတ်ဖိစီးမှုများစေခြင်းဖြင့် အကျိုးသက်ရောက်စေသည်။ အကြောက်လွန်ရောဂါ ခံစားရသူများသည် အချိန်ရွှေ့ခြင်း၊ အကြောင်းပြခြင်းဖြင့် ချိန်းချက်တွေ့ဆုံမှုများကို ရှောင်ကြဉ်လာတတ်ကြသည်။ [၄]

ကုသရန် နည်းလမ်း ပြင်ဆင်ရန်

ဤကဲ့သို့ အကြောက်လွန်ရောဂါမျိုးများကို ကုထုံးအမျိုးမျိုးဖြင့် ကုသနိုင်သည်။ [၃]

တယ်လီဖုန်း အကြောက်လွန်ခြင်းကို ကျော်လွှားရာ၌ အလေ့အကျင့်ပြုလုပ်ခြင်းသည် ကူသမှုအတွက် အရေးကြီးသောကဏ္ဍမှ ပါဝင်နိုင်သည်။ ရိုးရိုးခေါ်ဆိုမှုများမှစတင်၍ တဖြည်းဖြည်း အကျင့်လုပ်ရာမှ ဖုန်းခေါ်ဆိုခြင်း၊ ခေါ်ဆိုလာသည်ကို လက်ခံပြောဆိုခြင်းတို့ကို ပြုလုပ်မှုတိုးမြှင့်ခြင်းသည် အကြောက်လွန်ရောဂါ ခံစားရသူများအတွက် တစ်မျိုးတစ်ဖုံ အကူအညီဖြစ်စေနိုင်သည်။ ဥပမာဆိုရသော် ၎င်းတို့အနေဖြင့် အလိုအလျောက်ဖုန်းခေါ်ဆိုခြင်းမှ စတင်ပြီးနောက် မိသားစု၊ သူငယ်ချင်းများနှင့် စကားစမြည်ပြောရန် ပိုမိုလွယ်ကူလာသည်ကို တွေ့ရလိမ့်မည်။ ထို့မှတဆင့် စကားဝိုင်းကြာချိန်နှင့် စကားဝိုင်းရှိလူဦးရေကိုပါ တိုးချဲ့လာနိုင်သည်။ [၅]

ကိုးကားချက် ပြင်ဆင်ရန်

 

  1. Marshall၊ John R. (1995)။ "Telephone Phobia"။ Social Phobia: From Shyness to Stage Fright။ New York: BasicBooks။ p. 30ISBN 0-465-07896-6telephone phobia.
  2. ၂.၀ ၂.၁ ၂.၂ Scott၊ Susie (2007)။ Shyness and Society: the illusion of competence။ Basingstoke: Palgrave Macmillan။ pp. 105–9။ ISBN 9781403996039
  3. ၃.၀ ၃.၁ TelephonophobiaRight Diagnosis။ 3 April 2013 တွင် ပြန်စစ်ပြီး။
  4. "Break the bipolar cycle: a day-by-day guide to living with bipolar disorder", by Elizabeth Brondolo, Xavier Amador, p. 179
  5. Rowlands၊ Barbara။ "Health: Don't call me, please, and I won't call you: To most of us, the ringing of the phone is at least a potential pleasure. But to some it is a source of anguish."၊ 24 August 1993။