တရားဟောရာကျမ်းသည် ဓမ္မဟောင်းကျမ်းတွင်  အကြီးမြတ်ဆုံးသောကျမ်းစာတစောင်ဖြစ်သည်။ အခြားကျမ်းစာအုပ်များနှင့်မတူ၊ လူကြီးပျိုငယ်မရွေး ပုဂ္ဂိုလ်ရေး ယုံကြည်ချက်နှင့် မိသားစုရေးရာများကို ဩဇာဖုံးလွမ်းနိုင်သည်။ ဓမ္မဟောင်းကျမ်းက အကြိမ်ပေါင်း (၈၀)မက ကိုးကားသော ကျမ်းဖြစ်သည်။ ရှေးဦးခရစ်ယာန်များ စဉ်ဆက်မပြတ် စာဖတ်များသောကျမ်းလေးကျမ်း(ကမ္ဘာဦးကျမ်း၊တရားဟောရာကျမ်း၊ ဆာလံကျမ်းနှင့် ဟေရှာယအနာဂတ္တိကျမ်း)တွင် တအုပ်အဖြစ် ပါဝင်သည်။

၁။ စံတော်မီဝိသေသလက္ခဏာ

စာတန်က သခင်ရေရှုအား ကန္တာရတော်တွင် ရက်ပေါင်း(၄၀)ညဉ့်ပေါင်း(၄၀) စုံစမ်းခဲ့သည်။ ထိုသို့ စုံစမ်းခဲ့သော နည်းလမ်း(၃)မျိုးကို ခရစ်ဝင်ကျမ်းများတွင် ဝိဉ်ရေးရာသင်ခန်းစာများအဖြစ် သွန်သင်ထားပါသည်။ ထိုစဉ်တွင် ကိုယ်တိုင်(၃)ကြိမ်သုံးသော “ဝိဉာဉ်တော်ဓား”ကို တရားဟောရာကျမ်းတွင် “ထက်မြက်သောဓား ဟုရေးထားပါသည်။ တရားဟောရာကျမ်းသည် သခင်ခရစ်တော်ဘုရားနှစ်သက်အားရသော ကျမ်းစာစောင်ဖြစ်သကဲ့သို့ ယုံကြသည်သူများကလည်း နှစ်လိုဖွယ်ရာဖြစ်မည်ဟု ယုံကြည်ပါသည်။  တခုရှိသည်မှာ ဤကျမ်းသည် အပိုင်းပိုင်းအစစရှိနေခြင်းဖြစ်သည်။ ဂရိ Septuagint မှ အင်္ဂလိပ်ကျမ်းမူသို့ ပြန်ဆိုထားခြင်းဖြစ်သည်။  “ဒုတိယ ပညတ်ကျမ်း”ဟု အချို့က အဓိပ္ပါယ်ကောက်လွဲများ တတ်ကြသည်။ ထွက်မြောက်ရာကျမ်းနှင့်တောလည် ရာကျမ်းမှ အချို့ အချက်များပါဝင်သည်။ ဘုရားသခင်သည် မလိုအပ်ဘဲ နောက်တကြိမ်ထပ်မပြောပါ။ သေချာဖတ်လျှင် ကွဲလွဲကြောင်းတွေ့ရမည်။ အံ့ဩဖွယ်ကျမ်းတစောင် ဖြစ်ပါသည်။

၂။ ကျမ်းရေးသူ

မူလကျမ်းရေးသူသည် မောရှေဖြစ်ပါသည်။ ခေတ်သစ်စာပေအမှုတော်ဆောင်များက တဖန် ပြန်ရေးကြသည်။ နောက်ဆုံးအခန်းတွင် မောရှေ၏သေခန်းပါဝင်သည်။ သို့ကြောင့် ဘုရားသခင်၏ ဗျာဒိတ်တော်ပေးခြင်းဖြင့် ကြိုတင်ရေးသားသည်ဟု ယူဆသူများရှိသကဲ့သို့ မောရှေနောက်ပိုင်းတွင် ယောရှု သို့မဟုတ် တဦးဦးက ဆက်ရေးခြင်းဖြစ်သည်ဟု အချို့က ခံယူကြသည်။

လွတ်လပ်စွာ တွေးယူလျှင် တရားဟောရာကျမ်းသည် “ပညတ်ကျမ်းစာအုပ်ဖြစ်၍ ယောရှိလက်ထက် ဘီစီ ၆၂၀ ခန့်တွင် တွေ့ရှိခဲ့ကြသည်။ ထိုအချိန်က ရေးသည်မှန်လျှင် ဘာသာတရားကိုင်းရှိုင်းသူများ၏ လိမ်ညာမှုဖြစ်မည်။ အဘယ့်ကြောင့်ဆိုသော် မောရှေလက်ရာဖြစ်လျှင် ထိုခေတ်ကာလမှစ၍ ယေရုစလင် ပတ်ဝန်းကျင်တခု လုံးတွင် ဘုရားသခင် ကိုးကွယ်ခြင်း တပုံစံတည်းဖြစ်ရမည်ဟု ဆိုကြသည်။

ထိုသို့ ဘာသာတရားကိုင်းရှိုင်းသူများ၏ လိမ်ညာမှုဖြစ်စရာအကြောင်းမရှိပါ။ အကယ်၍လိမ်ညာမှု မှန်လျှင် ဘာသာတရားကိုင်းရှိုင်းမှုမဖြစ်နိုင်သကဲ့သို့ ဘာသာတရားအားကိုင်းရှိုင်းမှုရှိလျှင်လည်း လိမ်ညာမှု မဖြစ်နိုင်။

၄ရာစု၂၂ တွင် ပါရှိသည့်”ပညတ်ကျမ်းစာအုပ်”ဟူသောစကားရပ်သည်လည်း  Pentateuch ကျမ်းအားလုံးကို ဆိုလိုခြင်းမဟုတ်။ ယောရှိမင်းမတိုင်မီ မနာရှေမင်းနှင့် အာမုန်မင်းနှစ်ယောက်စလုံးသည် မင်းဆိုးမင်းညစ်များဖြစ်သည်။ မောရှေ၏ပညတ်ကျမ်းတရားအခြေပြုရာ ယေဟောဝါဘုရားသခင်၏ ဗိမာန်တော်တွင် ရုပ်တုဆင်းတု ဘုရားတုများတည်မြဲစေသူများ  ဖြစ်သည်။

သို့သော်လည်း ဘုရားသခင်နှုတ်ကပတ်တော်သည် အသက်ရှင်နေသောကြောင့် တိမ်မြှုပ်သွားခြင်းမရှိဘဲ ကြီးမားသောနိုးထမှုဖြင့် အသစ်တဖန်ရှင်သန်လာသည်။

သို့ကြောင့် မောရှေ၏ လက်ရာဖြစ်ကြောင်း သက်သေထူဖို့ Pentateuch ကျမ်းများမိတ်ဆက်ကို လက်ညှိုးညွှန်ချင်ပါသည်။

၃။ အချိန်ကာလ

ဘီစီ ၁၄၀၆ ဝန်းကျင်တွင် အချိန်ယူ၍ ရေးသားထားပါသည်။ အချို့အချက်အလက်များနှင့် မောရှေကွယ်လွန်ပြီးမှ အဖြစ်အပျက်များကို သန့်ရှင်းဝိညာဉ်တော်ဖွင့်ဟခြင်းဖြင့် ရေးသားထားပါသည်။

ပိုမို၍အသေးစိပ် ဖတ်ရှုလိုလျှင် Pentateuch ကျမ်းများမိတ်ဆက်တွင် ဖတ်ရှုပါ။

၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်

တရားဟောရာကျမ်းသည် ကန္တာရတောခရီးကြမ်းကာလတွင် မွေးဖွားကြီးပြင်းလာသော နောင်လာနောက်သားများအတွက် အသစ်တဖန်ပညတ်တော် ပြဋ္ဌာန်းခြင်းဖြစ်သည်။ (တဖန်ပေးခြင်းဖြစ်သည်၊ အဟောင်းကို ပြန်ကြော့ခြင်းမဟုတ်) ကတိတော်မြေသို့ ဝင်ရောက်ရတော့မည်ဖြစ်၍ ထိုနယ်မြေသစ်တွင် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ ခံစားတတ်အောင် ပညတ်တရားများ လိုက်နာခံယူဖို့ ထုတ်ပြန်သွန်သင်ခြင်း ဖြစ်သည်။

အခန်း ၁-၃ တွင် သိနာတောင်ပေါ်မှ စကားတော်များကို ဝိညာဉ်ရေးရာ ရှုဒေါင့်ဖြင့် ရှင်းပြထားသည်။ သမိုင်းကြောင်း သင်ခန်းစာမယူတတ်သူများသည် ပျက်စီးခြင်းသို့ရောက်သည်။ အဓိကအခန်းမှာ (အခန်း ၄-၂၆) ဖြစ်၍ ဘုရားသခင်က သူ့လူများ လိုက်နာလုပ်ဆောင်ရန် ပြဋ္ဌာန်းခြင်းဖြစ်သည်။ ထို့နောက် သခင်ခရစ်တော်ဘုရား ဒုတိယပြန်လည်မကြွလာမခြင်း ဣသရေလလူများလိုက်နာခံယူရမည့် အချက်ကို အခန်း ၂၇-၃၃တွင် ဆက်လက်မိန့်မှာထားသည်။ မောရှေသေဆုံး၍ ယောရှုက သူ့အရိုက်အရာဆက်ခံခြင်းဖြင့် နိဂုံးချုပ်ထားသည် (အခန်း ၃၄)။

ရှင်ပေါလုက ဤကျမ်းစာသည် ဣသရေလလူမျိုးသို့ ပြဋ္ဌာန်းချက်ဖြစ်သော်လည်း ယနေ့ယုံကြည်သူများနှင့်လည်း သက်ဆိုင်သည်ဟု သတိပေးထားသည်။ တရား ၂၅:၄ ကို ကိုးကာ၍ ၁ကော ၉:၁၀ တွင် “ငါတို့ကြောင့်သာ ဤသို့ ကျမ်းစာလာ၏” ဟု ရေးထားသည်။

ကျမ်းတစ်အုပ်လုံးသည် တိုက်တွန်းချက်ဖြစ်သည်။ ၅:၁ တွင် “နားထောင်ပါ — သင်ယူပါ — ထိန်းသိမ်း လိုက်လုပ်ပါ” ဟု ဆိုထားသည်။

ပါဝင်သောအချက်များ

၁။ မောရှေမိန့်မှာချက် ပြည်တော်ဝင်ခါနီး (အခန်း ၁–၄)

         (က) နိဒါန်း (၁:၁-၅)

(ခ) ဟောရမ်မှ ကာဒေရှသို့ (၁:၆-၄၆)

(ဂ) ကာဒေရှမှ ဟေရှဘုန်သို့ (အခန်း ၂)

(ဃ) ယောဒန်မြစ်ဖြတ်ကူးကြခြင်း (အခန်း ၃)

(င) နာခံခြင်းရှိဖို့ တိုက်တွန်းခင်း (အခန်း ၄)

၂။ မောရှေဒုတိယအကြိမ်မိန့်မှာချက်၊ ပြည်တော်တွင် စင်ကြယ်ကြရန် (အခန်း ၅–၂၈)

(က) သိနာတောင် ပဋိညာဉ်စားမြုံ့ပြန်ခြင်း (အခန်း ၅)

(ခ) မနာခံသူများ ထပ်မံသတိပေးချက် (အခန်း ၆)

(ဂ) ရုပ်တုကိုးကွယ်သူများဆက်ဆံမှုသတိပေးချက် (အခန်း ၇)

(ဃ) အတိတ်သင်ခန်းစာ (၈:၁-၁၁:၁၇)

(င) နာခံသူများအတွက် ဆုလက်ဆောင် (၁၁:၈-၃၂)

(စ) ဝတ်ပြုကိုးကွယ်ခြင်းပုံစံ (အခန်း ၁၂)

(ဆ) မစ္ဆာပရောဖက်နှင့် ရုပ်တုဝါဒီများအတွက် အပြစ်ဒဏ် (အခန်း ၁၃)

(ဇ) စင်ကြယ်သောအစာနှင့်မစင်ကြယ်သောအစာ (၁၄:၁-၂၁)

(ဈ) ဆယ်ဘို့တစ်ဘို့ (၁၄:၂၂-၂၉)

(ည) အကြွေးရှင်များနှင့် ကျေးကျွန်များသက်ညှာခြင်း (အခန်း ၁၅)

(ဋ) ပွဲတော် (၃)ခု (အခန်း ၁၆)

(ဌ) တရားသူကြီးများနှင့် ရှင်ဘုရင်များ (အခန်း ၁၇)

(ဍ) ယဇ်ပုရောဟိတ်၊ လေဝိနှင့်ပရောဖက်များ (အခန်း ၁၈)

(ဎ) ရာဇဝတ်မှု (အခန်း ၁၆)

(ဏ) ပညတ်တရားနှင့်စစ်ရေးစစ်ရာ (အခန်း ၂၀)

(တ) အထွေထွေပညတ်ချက်များ (အခန်း ၂၁-၂၅)

(၁) လက်သည်မပေါ်သောလူသတ်မှုပြဿနာ (၂၁:၁-၉)

(၂) စစ်သုံ့ပန်းအမျိုးသမီး (၂၁:၁၀-၁၄)

(၃) သားဦး၏အခွင့်အရေး (၂၁:၁၅-၁၇)

(၄) ခေါင်းမာပုန်ကန်သောသားများ (၂၁:၁၈-၂၁)

(၅) ကားစင်တင်ခြင်း (၂၁:၂၂-၂၃)

(၆) အမူအယာပညတ်ချက်ကိုးပါး (၂၂:၁-၁၂)

(၇) ကာမေသုမိစ္ဆာစာရရှောင်ကြဉ်ခြင်း (၂၂:၁၃-၃၁)

(၈) ကိုယ်လက်အင်္ဂါမစုံသူများ ဝတ်ပြုမတက်ရ (၂၃:၁-၈)

(၉) တပ်တွင်း၌ စင်ကြယ်စွာနေခြင်း (၂၃:၉-၁၄)

(၁၀) လူမှုရေးနှင့်ဘာသာရေးစည်း (၂၃:၁၅-၂၅)

(၁၁) လင်မယားကွာရှင်းခြင်းနှင့်နော်ကအိမ်ထောင် (၂၄:၁-၄)

(၁၂) လူမှုတရားအထွေထွေ (၂၄:၅-၂၅:၄)

(၁၃) လေတိသားတို့ ထိမ်းမြားခြင်းဝိထုံး (၂၅:၅-၁၀)

(၁၄) အထူးပညတ်ချက် (၃)ခု (၂၅:၁၁-၁၉)

(ထ) ရိုးရာဓလေ့နှင့်တရားဝင် အတည်ပြုခြင်း (အခန်း ၂၆)

၁။ အဦးသီးဓလေ့ထုံးစံ (၂၆:၁-၁၁)

၂။ တတိယနှစ်ဆယ်ဘို့တစ်ဘို့ (၂၆:၁၂-၁၅)

၃။ ပညတ်တရားများတရားဝင်အတညပြုခြင်း (အခန်း ၂၇-၂၈)

(ဒ) ကျိန်ခြင်းအမင်္ဂလာနှင့်ကောင်းကြီးမင်္ဂလာ (အခန်း ၂၇-၂၈)

၃။ မောရှေ၏တတိယမိန့်မှာချက် –ပြည်တော်အတွက်ပဋိညာဉ် (အခန်း ၂၉၊၃၀)

         (က) မောဘပြည်မှာနေခဲ့စဉ် ပဋိညာဉ် (၂၉:၁-၂၁)

(ခ) ပဋိညာဉ်ချိုးဖောက်မှု၏ အပြစ်ဒဏ် (၂၉:၂၂-၂၉)

(ဂ) ပဋိညာဉ်ပြန်လည်တည်ဆောက်အသက်သွင်းခြင်း (အခန်း ၃၀)

၄။ မောရှေ၏ နောက်ဆုံးနေ့ရက်များ၊ ပြည်တော်မဝင်လိုက်ရခြင်း (အခန်း ၃၁–၃၄)

(က) မောရှေ၏ နေရာအစားထိုးခင်း (အခန်း ၃၁)

(ခ) မောရှေသီချင်း (အခန်း ၃၂)

(ဂ) မောရှေ၏ ကောင်းကြီးမင်္ဂလာ (အခန်း ၃၃)

TAGS: တရားဟောရာကျမ်း

ကိုးကားပြင်ဆင်