တရုတ်စာလုံးများသည် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့တွင် စာပေ အရေးအသား၌ အသုံးပြုသည့် ရုပ်ပုံသဏ္ဌာန် စာလုံးများဖြစ်သည်။ ကိုရီးယားတွင် အနည်းငယ် အသုံးပြုပြီး ဗီယက်နမ်နိုင်ငံတွင်မူ ယခင်က အသုံးပြုခဲ့သည်။ ဂျပန်တွင် ‘ခန်းကျိ’၊ ကိုရီးယားတွင် ‘ဟန်ဂျ’နှင့် ဗီယက်နမ်တွင် ‘ဟန်တူ’ဟု အသီးသီး ခေါ်ဝေါ်ကြသည်။ သို့သော်လည်း အသံထွက်မတူဘဲ အချို့စာလုံးမှာ အဓိပ္ပာယ် ကွဲလွဲမှု ရှိသည်။ ဥပမာ သည် တရုတ်ဘာသာဖြင့် ဟင်းချိုရည်ဟု အဓိပ္ပာယ်ရသော်လည်း ဂျပန်ဘာသာဖြင့် ရေချိုးရန် ရေပူဟု အဓိပ္ပာယ်ရသည်။

ဝဲဘက်မှာ သမားရိုးကျ စာလုံး ဖြစ်ပြီး ယာဘက်မှာ အလွယ်ရေးစာလုံး ဖြစ်သည်။ ‘ဟန့်ကျိ’ဟု အသံထွက်ပြီး ‘တရုတ်စာလုံး’ဟု အဓိပ္ပာယ်ရသည်။

တရုတ်စာလုံးများသည်လည်း လက်ရှိအသုံးပြုနေဆဲ ရှေးအကျဆုံး အရေးအသားများ ဖြစ်သည်။[၁][၂][၃] အစောဆုံးအနေဖြင့် ဘီစီ ၁၃၀၀ ခန့်က အရိုးစာများတွင် တွေ့ရှိရသည်။ ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးနောက် အလွယ်ရေး စာလုံးများကို ရုံးသုံးအဖြစ် သတ်မှတ်ခဲ့ချိန်မှစ၍ ယနေ့တွင် သမားရိုးကျ စာလုံးနှင့် အလွယ်ရေးစာလုံးဟူ၍ တရုတ်စာ ရေးသားနည်း နှစ်မျိုးရှိလာသည်။ သမားရိုးကျ စာလုံးများကို ထိုင်ဝမ်ဟောင်ကောင်နှင့် မကာအိုတို့တွင် သုံးစွဲလျက်ရှိကာ အလွယ်ရေး စာလုံးများကိုမူ တရုတ်အပြင် စင်ကာပူမလေးရှားနှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် သုံးစွဲကျသည်။ လက်ရှိ ကုလသမဂ္ဂတွင် အသုံးပြုသည့် ရုံးသုံးဘာသာ ၆ မျိုးတွင် ပါဝင်သည့် တရုတ်စာလုံးမှာ အလွယ်ရေးစာလုံးဖြစ်သည်။

၁၇၁၆ ခုနှစ်တွင် ရေးသားပြုစုခဲ့သည့် ‘ခန်းရှီး အဘိဓာန်’တွင် ရေးသားမှတ်တမ်းတင်ထားသော တရုတ်စာလုံး အရေအတွက် ၄၇,၀၃၅ ခန့် ရှိသော်လည်း အများစုမှာ သမိုင်းတလျှောက် စုဆောင်းထားသည့် စာလုံးများ ဖြစ်ကာ ယနေ့တွင် အသုံးနည်းသော မူကွဲ စာလုံးများ ဖြစ်ကြသည်။ ပညာရှင်များ၏ လေ့လာချက်များအရ တရုတ်စာကို ရေရေလည်လည် နားလည်နိုင်ရန်အတွက် စာလုံးအရေအတွက်မှာ ၃၊ ၄ ထောင်သာ တတ်မြောက်ရန် လိုအပ်သည်ဟု သိရသည်။[၄]

ကိုးကားပြင်ဆင်

  1. Chinese Writing Symbols။ Kwintessential။ 2010-03-20 တွင် ပြန်စစ်ပြီး။
  2. History of Chinese Writing Shown in the Museums။ CCTV online။ 21 November 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-03-20 တွင် ပြန်စစ်ပြီး။
  3. Jane P. Gardner & J. Elizabeth Mills။ Journey to East Asia။ Everything.com, F+W Media။ 2010-03-20 တွင် ပြန်စစ်ပြီး။
  4. Norman, Jerry (2008)။ Chinese Writing။ 2009-08-17 တွင် ပြန်စစ်ပြီး။