အမှု—အင်္ဂါဇာတ်ကို ပုတ်ခတ်မှု။

အမှုသည်—ဘိက္ခုနီ ၂-ယောက်။ []

ဘိက္ခုနီ ၂-ယောက်

ပြင်ဆင်ရန်

သာဝတ္ထိမြို့၌ ဘိက္ခုနီ ၂-ယောက်သည် သာသနာတော်၌ မပျော်နိုင်အောင် ဖြစ်နေရကား အခန်းတွင်းသို့ ဝင်၍ သူတို့၏ အင်္ဂါဇာတ် အပြင်ကို (နင်တို့ကြောင့် မပျော်တာဘဲ ဟူသော အနေဖြင့် တဖတ်ဖတ်အသံမြည်အောင်) ညှဉ်းဆဲနှိပ်စက်ကြကုန်၏၊ ထိုအသံကို ကြား၍ အခြားဘိက္ခုနီတို့ ပြေးဝင်လာပြီးလျှင် “ယောက်ျားနှင့် ဖေါက်ပြားနေကြသလား” ဟု မေးကြလေရာ, သူတို့၏ အဖြစ်မှန်ကို ပြောပြကြလေသည်၊ ထိုအခါ ဘိက္ခုနီအများက ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်

ပြင်ဆင်ရန်

တလဃာတကေ ပါစိတ္တိယံ။

မြန်မာပြန်

ပြင်ဆင်ရန်

ပဿာဝမဂ်(အင်္ဂါဇာတ်)အပြင်ကို ပုတ်ခတ်ခြင်းကြောင့် ပါစိတ်အာပတ်သင့်၏။

မှတ်ချက်

ပြင်ဆင်ရန်

ပဿာဝမဂ်ကို လက်, တုတ်စသည်သာမက ကြာရွက်ဖက်, ကြာဝတ်ဆံ ကလေးနှင့်မျှ မပုတ်ခတ်ရ၊ မဂ်နား၌ပေါက်နေသော အနာရှိ၍ ပုတ်ခတ်သင့်၍ကား အနာ့ကိုသာ ပုတ်ခတ်ကောင်း၏။ [ရဟန်းတစ်ပါးကား ထိုကဲ့သို့ မမွေ့လျော်မှုဖြစ်သောအခါ သူ၏အင်္ဂါဇာတ်ကို ဖြတ်ပစ်လေတော့၏။ ထိုအကြောင်းကို ဘုရားရှင်ကြားတော်မူ၍ အင်္ဂါဇာတ်ကို မဖြတ်ရ, ဖြတ်လျှင် ထုလ္လစ္စဉ်းအာပတ်”ဟု ပညတ်တော်မူရလေသည်။ ... ခုဒ္ဒကဝတ္ထုခန္ဓက။]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး