တာဒါရှီ ရာနိုက်အိ (柳井 正 Yanai Tadashi?, ၇ ဖေဖော်ဝါရီ ၁၉၄၉ မွေးဖွား) သည် ဂျပန်လူမျိုး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး Uniqlo လက်အောက်ခံဖြစ်သော Fast Retailing ၏ တည်ထောင်သူ ဥက္ကဋ္ဌဖြစ်သည်။ သူ့ကို အစဉ်အလာအရ ဂျပန်နိုင်ငံ၏ အချမ်းသာဆုံးများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ကြပြီး ၂၀၀၉ ခုနှစ်တွင် Forbes သတ်မှတ်ချက်များအရကမ္ဘာ့အချမ်းသာဆုံး အမှတ် ၇၆ အဖြစ်သတ်မှတ်ထားသောကြောင့် ပျမ်းမျှငွေကြေးပမာဏ ၆.၀ ဘီလျံဒေါ်လာဖြင့် ဂျပန်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသည်။

တာဒါရှီ ရာနိုက်အိ
Tadashi Yanai
မွေးဖွား (1949-02-07) ၇ ဖေဖော်ဝါရီ၊ ၁၉၄၉ (အသက် ၇၅)
Ube, Yamaguchi, Japan
ဌာနေရှင်ဘူယာ၊ တိုကျိုမြို့၊ ဂျပန်နိုင်ငံ
နိုင်ငံလူမျိုးဂျပန်
မိခင်ကျောင်းWaseda University
ကြွယ်ဝမှုUS$၁၅.၁ ဘီလီယံ (ဩဂုတ် ၂၀၁၇)[၁]
သားသမီးKazumi Yanai
Koji Yanai
မိဘ(များ)Kanichi Yanai
Hisako Mori Yanai

အတ္ထုပ္ပတ္တိ ပြင်ဆင်ရန်

Yanai သည် Ube အထက်တန်းကျောင်းနှင့် ထို့နောက် Waseda တက္ကသိုလ်ကို တက်ရောက်ခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် စီးပွားရေးနှင့်နိုင်ငံရေး ဝိဇ္ဖာဘွဲ့ကိုရရှိခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ဟီရိုရှီးမား၌ ပထမဆုံးသော Uniqlo စတိုးကိုဖွင့်လှစ်ခဲ့သည်။

၂၀၀၉ ခုနှစ် ဧပြီလထုတ် Monocle မဂ္ဂဇင်းတွင် သူက “ကျွန်တော့်ကို ကြည့်ရတာ အောင်မြင်နေတယ်လို့ ထင်ရပေမယ့် ကျွန်တော်လည်း အများကြီး ရှုံးနိမ့်ခဲ့ရဖူးပါတယ်၊ လူတွေက အရှုံးကို သိပ်ပြီး ခံစားနေတတ်ကြတယ်၊ အကောင်းမြင်စိတ်လေးထားပြီး နောက်တစ်ခါဆိုရင် အောင်မြင်မှုရမှာပါလို့ ယုံကြည်ထားရမှာပေါ့”ဟု ပြောကြားခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. Tadashi Yanai။ 11 August 2017 တွင် ပြန်စစ်ပြီး။