တာရာဘရတ်
တာရာဘရတ် (၁၉၅၃ ခုနှစ်ဖွား၊ မေလ ၁၇ ရက်ဖွား) အမေရိကန်လူမျိုး စိတ်ပညာရှင်၊ စာရေးဆရာနှင့် ဗုဒ္ဓဘာသာတရားအားထုတ်မှုတွင် ထင်ရှားသည့်သူ ဖြစ်သည်။ ဝါရှင်တန်ဒီစီရှိ ဝိပဿနာတရားအဖွဲ့အစည်း (Insight Meditation Community) ၏ တည်ထောင်သူနှင့် နည်းပြဆရာမ ဖြစ်သည်။[၁] သူမသည် မေရီလန့်၊ Bethesda တွင် ဗုဒ္ဓဟူးနေ့ညများတွင် တွေ့ဆုံကာ သင်ကြားပြသမှုများ ပြုလုပ်ခဲ့သည်။[၂][၃] သူမ၏ အပေါင်းအပါများတွင် ဂျက်ကွန်ဖီး၊ ရှာရွန်ဆာ့ဘတ်၊ ဂျိုးဆက်ဂိုးစတိန်းနှင့် ဝိပဿနာနှင့် တရားအားထုတ်မှုဆိုင်ရာ အခြားသော သူများလည်း ပါဝင်သည်။[၄] သူမသည် အမေရိကန်နိုင်ငံနှင့် ဥရောပတို့၌ ဗုဒ္ဓဘာသာတရားစင်တာများတွင် တရားသင်ပြခြင်းနှင့် ယောဂ တို့ကို သင်ကြားပြသခဲ့သည်။ သူမသင်ကြားပြသခဲ့သည့် နေရာများတွင် စပရစ်ရော့တရားစင်တာ၊ Kripalu Centerနှင့်Omega Institute for Holistic Studiesတို့ပါဝင်သည်။[၅][၆]
တာရာဘရတ် | |
---|---|
မွေးဖွား | မေ ၁၅၊ ၁၉၅၃ |
အလုပ်အကိုင် |
|
ကျော်ကြားမှုအရင်းခံ | ဗုဒ္ဓဘာသာတရားပြခြင်း |
ဝက်ဘ်ဆိုဒ် | tarabrach.com |
သူမသည် စိတ်ပိုင်းဆိုင်ရာကုသမှုအတွက် သတိပဋ္ဌာန်တရားအားထုတ်မှုနှင့် ဗုဒ္ဓ၏ သင်ကြားပြသမှုများကို အသုံးပြုခဲ့သည်။ ထိုအရာများနှင့် ပတ်သက်၍ သူမသည် စာအုပ်များကို ရေးသားခဲ့ရာ Omega Institute for Holistic Studiesစသည့်စာအုပ်များပါဝင်သည်။
ပညာရေး
ပြင်ဆင်ရန်သူမသည် ကလက်တက္ကသိုလ် (Clark University) မှ နိုင်ငံရေးသိပ္ပံနှင့် စိတ်ပညာဘာသာရပ်တို့ဖြင့် ဘွဲ့ရရှိခဲ့သည်။[၇] သူမသည် ဖီးဒင်းဂရဒ်ကျူရိတ်တက္ကသိုလ် (Fielding Graduate University) မှ တရားထိုင်ခြင်းအားဖြင့် အစားအသောက်မူမမှန်မှုအား ကုစားခြင်း စာတမ်းဖြင့် ပါရဂူဘွဲ့ ရခဲ့သည်။[၂]
ပုဂ္ဂိုလ်ရေးဘဝ
ပြင်ဆင်ရန်ဘရတ်သည် သူမ၏ ခင်ပွန်းဖြစ်သူ ဂျိုနသန်ဖော့ (Jonathan Foust) နှင့်အတူ ဗာဂျီးနီးယားတွင် အမြဲတမ်းနေထိုင်ခဲ့သည်။ သူမ၏ ခင်ပွန်းသည် ယောဂနှင့် တရားပြဆရာ ဖြစ်သည်။ ဘရတ်သည် ခရစ်ယာန် ဘုရားတစ်ဆူဝါဒ (Christian Unitarian - သုံးပါးပေါင်းတစ်ဆူကို ငြင်းပယ်ဝါဒ) ဘာသာအယူဝါဒနှင့် ကြီးပြင်းခဲ့သူ ဖြစ်သည်။[၈][၉][၁၀]
ပြုစုခဲ့သည်များ
ပြင်ဆင်ရန်စာအုပ်များ
ပြင်ဆင်ရန်- Brach၊ Tara (2019)။ Radical Compassion: Learning to Love Yourself and Your World with the Practice of RAIN။ Viking။ ISBN 978-0525522812။
- Brach, Tara (2014). Healing Traumatic Fear: The Wings of Mindfulness and Love, in Mindfulness-Oriented Interventions for Trauma: Integrating Contemplative Practices edited by Follette, Briere, Rozelle, Hopper and Rome. Guilford Press ISBN 978-1462518586
- Brach၊ Tara (2013)။ True Refuge: Finding Peace and Freedom in Your Own Awakened Heart။ Bantam။ ISBN 0553807625။
- Brach, Tara (2012). Mindful Presence: A Foundation for Compassion and Wisdom, in Wisdom and Compassion in Psychotherapy: Deepening Mindfulness in Clinical Practice edited by Christopher K. Germer and Ronald D. Siegel. Guilford Press ISBN 978-1462518869
- Brach၊ Tara (2003)။ Radical Acceptance: Embracing Your Life with the Heart of a Buddha။ Bantam။ ISBN 0-553-80167-8။
အသံဖိုင်ဖြန့်ဝေမှုများ
ပြင်ဆင်ရန်- Radical Self-Acceptance: A Buddhist Guide to Freeing Yourself from Shame (2005) ISBN 978-1591793212
- Radical Acceptance: Guided Meditations (2007) ISBN 978-0615185583
- Meditations for Emotional Healing (2009) ISBN 978-1591797418
- Meditation and Psychotherapy: A Professional Training Course for Integrating Mindfulness into Clinical Practice (2011) ISBN 978-1591799702
- Mindfulness Meditations: Nine Guided Practices to Awaken Presence and Open Your Heart (2012) ISBN 978-1604077988
- Finding True Refuge: Meditations for Difficult Times (2013) ISBN 978-1604078633
ကိုးကား
ပြင်ဆင်ရန်- ↑ Tara Brach - Teacher page။ imcw.org။ Insight Meditation Community of Washington။ January 31, 2016 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ Adelman၊ Ken။ "What I've learned: Tara Brach"၊ Washingtonian၊ May 1, 2005။ August 9, 2011 တွင် ပြန်စစ်ပြီး။
- ↑ Tara Brach - Wednesday Night Class။ imcw.org။ Insight Meditation Community of Washington။ 10 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 28, 2015 တွင် ပြန်စစ်ပြီး။
- ↑ Publishers Weekly Review Publisher's Weekly review of Radical Acceptance Retrieved January 31, 2016.
- ↑ Tara Brach။ Kripalu.org။ Kripalu Center for Yoga & Health။ 21 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 28, 2015 တွင် ပြန်စစ်ပြီး။
- ↑ Tara Brach, PhD။ Eomega.org။ Omega Institute for Holistic Studies, Inc။ November 29, 2015 တွင် ပြန်စစ်ပြီး။
- ↑ Omega Institute Teacher Page Retrieved November 28, 2015
- ↑ Riding the wave of secular meditation။ 2015-08-22 တွင် ပြန်စစ်ပြီး။
- ↑ Meditation guru Tara Brach is calm eye of Washington's storm - OnFaith။ 6 July 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-08-22 တွင် ပြန်စစ်ပြီး။
- ↑ "Allow life to be as it is"။ 2019-04-05 တွင် ပြန်စစ်ပြီး။